ဘယ်အသားကိုဖြစ်ဖြစ်အသုံးပြုလို့ရပေမယ့်အသားများတဲ့ဝက်နံရိုးလေးနဲ့ဆိုရင်ပိုအရသာရှိပါတယ်။
ပါဝင်ပစ္စည်း
- ဝက်နံရိုး....................၂၅ကျပ်သား
- ဂေါ်ဖီထုပ်...................၁စိတ်
- ခရမ်းကြွပ်သီး...............၅လုံး
- ရှမ်းနံနံ........................၅ပင်
- ကြက်သွန်နီ..................၁လုံး
- ကြက်သွန်ဖြူ...................၃တက်
- ချင်းသေးသေး.................၁တက်
- ငရုတ်ခြောက်ပု................၃တောင့်
- မန်ကျည်းသီးမှည့်.............အနည်းငယ်
ချက်ပြုတ်နည်း
1. ဝက်နံရိုးကိုအတုံးငယ်များတုံးကာရေဆေးပြီးအရသာနယ်ထားပါ။
2. ကြက်သွန်နီ၊ဖြူ ၊ချင်း၊ ငရုတ်ခြောက်တောင့်တို့ကိုရောပြီးညှက်နေအောင်ထောင်းပါ။
3. ဂေါ်ဖီကိုအထပ်လိုက်မကွာစေပဲ လက်တဆစ်ပတ်လည်ခန့်လှီးပါ။
4. ခရမ်းကြွပ်သီးကိုထက်ခြမ်း(သို့)လေးစိတ်ခွဲပြီးဆားရည်လေးစိမ်ထားပါ။
5. အိုးတစ်လုံးမှာဆီသတ်လို့ရမယ့်အနည်းသောဆီပမာဏကိုအပူပေးပြီးထောင်းထားသောအရောကိုဆီ သတ်ပါ။
6. မွှေးလာလျှင်အရသာနယ်ထားတဲ့ဝက်နံရိုးတွေထည့်ပါ။ ခေတ္တအဖုံးအုပ်ထားပါ။
7. ဝက်နံရိုးကစိမ့်ထွက်လာတဲ့အရည်တွေခမ်းပြီဆိုမှအဖုံးဖွင့်ပြီးမွှေပေးပါ။
8. ငါးငံပြာရည်၊ထန်းလျက်တစ်လုံး(မရှိပါကသကြား၊ဟင်းခတ်မှုန့်ရေနွေးဖြင့်ဖျော်ထားသောမန်ကျည်းရည် တို့ထည့်ပြီးအဖုံးပြန်ဖုံးပါ။(ဝက်နံရိုးတွေဟာအချဉ်ဓာတ်ကြောင့်အနူးလွယ်လာပါလိမ့်မယ်။)
9. ဝက်နံရိုးတွေတဝက်လောက်ကျက်ပြီဆိုမှခရမ်းကြွပ်သီး၊ဂေါ်ဖီထုပ်တွေထည့်ပါ။အဖုံးအုပ်ထားပါ။
အဖုံးမအုပ်ထားပါခရမ်းကြွပ်သီးတွေမဲသွားတတ်ပါတယ်။
10. နောက်ဆုံးမှလက်တဆစ်ခန့်လှီးထားသောရှမ်းနံနံလေးတွေအုပ်ပေးပါ။ ချို ၊ ချဉ် ၊ ငံ ၊စပ် လေးကအရသာ တစ်မျိုးထူးခြားစေမှာပါ။
No comments:
Post a Comment