ကိုးရီးယားငါးအသားပြား


ပါဝင်ပစ္စည်းများ

  • ပုဇွန်
  • ငါးဖယ်
  • ပြည်ကြီးငါး
  • ဂျင်း
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ဆီမွှေး
  • ငြုပ်ကောင်းမှုန့်
  • အရသာမှုန့်
  • ဆား
  • ယိုးဒယားငံပြာရည်အနည်းငယ်
  • ကြက်ဥ
  • ဂျုံ
  • ပြောင်းကော်မှုန့်
  • ရေ
  • ငါးနီတူ
  • မုန်လာဥ
  • ပလပ်စတစ်
  • ဖက်အနည်းငယ်
  • တုတ်ချောင်း

ပြုလုပ်နည်း

1. အရင်ဆုံး ပုဇွန်တစ်ဆယ်သား၊ ကြက်သွန်နီဥ တစ်လုံးနူတ်နူတ်စင်း၊ ကြက်သွန်ဖြူခြောက်မွှာကိုအရင် ကြိတ်ပါမယ်ပြည်ကြီးငါး ငါးကျပ်သား ခန့်ပါထည့်ကြိတ်ရပါမယ်(သတိပြုရမှာက ချင်းထည့်မကြိတ်ပါဘူး)
ကြိတ်ပီးရင် လတ်ဆတ်သော ငါးဖယ်ခြစ် ၁၅ကျပ်သားကိုဆက်ထည့်ပါ။

2. အရသာထည့်ပါမယ်အသားမူန့် သကြား ငရုတ်ကောင်းမူန် Tea ဇွန်းတစ်ဇွန်း စီဆီမွှေး အနည်းငယ်၊ ယိုးဒယား ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းဆားအနည်းငယ် ကြက်ဥအကာ တစ်လုံးထည့်ပါ။

3. အရသာသမပြီဆိုရင်..ပြောင်းကော်မူန့် နဲ့ဂျူံမူန့်ထည့်ပါမယ်ပြောင်းကော်မူန့် နဲ့ဂျူံမူန့် ထမင်းစားဇွန်း သုံးဇွန်း စီရေအကြမ်းပန်းကန်လုံးတစ်လုံးစာခန့်ထည့်ပါ။

4. ငါးအူချောင်း ပုံသွင်းရန်အတွက် မီးဖိုချောင် သုံးပလတ်စတစ်ကို ပုံပါအတိုင်း. အပြားကြီးကြီးဖြန့်ပါ။ပြီးရင်စုတ်တံဖြင့်ဆီလိုက်ဆွတ်ပေးပါ။

5. ပလပ်စတစ်ပေါ်ကို ငါးအသားကို ဇွန်လေးဖြင့် ဖြန့်ခင်းပြီး ညီနေအောင်ဖိပြားလိုက်ပါ ။ ငါးအသားပြးပေါ် ပလတ်စတစ်ပန်ထပ်ပြီး ပါးပါးပြားပြားဖြစ်အောင် လှိမ့်ပြီးဖြန့်ပါ ။

6. ငါးအသားလွှာများရလျင် ပေါင်းအိုးနဲ့ပေါင်းပါ ။ ပေါင်းတဲ့အခါ အောက်က ဖက် သို့မဟုတ် အလူမီနီယမ် ပြားခံပြီး ပေါင်းပါ ။ ပြီးလျင်တော့ တုတ်းထိုးရန် ပုံသွင်းလှီးဖြတ်ပြီး ငါးနီတူနဲ့ အုန်လာဥ ပြုတ် ဟင်းချိုရည်ဖြင့် လည်းကောင်း ကြိုက်နှစ်သက်ရာ ဆော့ အမျိုးမျိုးဖြင့်လည်းကောင်း တွဲဖက်သုံးဆောင်နိုင်ပါပြီ။


No comments:

Post a Comment

@templatesyard