ကြက်သားသောက်ဆမ်း (တရုတ်ချက်)


ပါဝင်ပစ္စည်း

  • ကြက်ခုတ်သား......................၅၀သား
  • ရှီတာကီမှိုခြောက်...................၁၀ကျပ်သား
  • မုန်လာဥနီ.............................၃ လုံး
  • ကြက်သွန်ဖြူအတက်ကြီး........၁၀တက်ခန့်
  • ချင်း....................................၁တက်
  • ကြက်သွန်မြိတ်.....................၄ပင်
  • ရှာကော+ပါကောမှုန့်.............၁ဇွန်း
  • ပဲငံပြာအကြည်ရည်..............၂ ဇွန်း
  • ငရုဆီ................................၁ ဇွန်း
  • သကြား.............................၁ ဇွန်း

ချက်ပြုတ်နည်း


1. အရွယ်တော်ခုတ်ထားတဲ့ကြက်သားတွေကိုရေဆေးပြီးဆား ၊ငရုတ်ကောင်းမှုန့်အနည်းငယ်တို့နှင့် အရသာနှပ်ထားပါ။

2. ရေစိမ်ထားတဲ့ကြွက်ရှီတာကီမှိုမည်းတွကိုအညှာသင်ပြီးသင့်တော်သလိုခပ်ကြီးကြီးလှီးဖြတ်ပါ။ရေနွေးဆူဆူမှာ (၅)မိနစ်ခန့်ပြုတ်ပြီးရေစစ်ထားပါ။

3. မုန်လာဥနီကိုအခွံခွါပြီးကြက်သားတုံးအရွယ်နီးနီးခပ်ကြမ်းကြမ်းလှီးဖြတ်ပါ။

4. ကြက်သွန်ဖြူ တွေကိုလည်းအခွံခွာပြီးရေဆေးထားပါ။ချင်းကိုထက်ခြမ်းခွဲပြီးပါးပါးလှီးပါ။

5. ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်(၂) ဇွန်းခန့်ကိုအပူပေးပြီးမုန်လာဥနီနှင့်ကြက်သွန်ဖြူတွေကိုဆီသတ်ပြီး စစ်ထားပါ။

6. ထိုဆီထဲမှာပဲ ချင်းပြားတွေကိုဆီသတ်ပါ။မွှေးလာလျှင်ကြက်သားတွေထည့်ဆီသတ်ပါ။တရုတ်မဆလာ (ရှောက်ကောပါကော)ထည့်ပြီးဆီသတ်ပါ။

7. ကြက်သားအပေါ်ယံကြောတွေတင်းလာပြီဆိုရင်ရေလေးအနည်းငယ်ထည့်ပြီးအဖုံးအုပ်ထားပါ။

8. ကြက်သားတွေရေခမ်းပြီးအနံ့မွှေး၊တစ်၀က်ကျက်လောက်အချိန်မှာကြော်ပြီးဆီစစ်ထားတဲ့မုန်လာဥနီနဲ့ ကြက်သွန်ဖြူ တွေထည့်ပါ။

9. ရှီတာကီမှိုတွေကိုလည်းထည့်ပေးပါ။

10. သကြား၊ဟင်းခတ်မှုန့်၊ ခရုဆီ၊ ပဲငံပြာရည်အကြည်၊ဆားတို့ဖြင့်အရသာဖြည့်စွက်ပါ။

11. အားလုံးဆတူနီးပါးနှုးလာလျှင်ကြက်သွန်မြိတ်လေးများအုပ်ပေးပါ။

ဒီဟင်းပွဲလေးကအရည်အများကြီးမဟုတ်တဲ့အတွက်ဆမ်းစားရတာအဆင်ပြေသလိုခပ်သောက်ချင်လဲခပ်သောက်လို့ရတဲ့အချိုသောက်ဆမ်းလေး
ဖြစ်ပါတယ်။


No comments:

Post a Comment

@templatesyard