ပါဝင်ပစ္စည်း
- စလားဗီယားငါး အကောင်သင့် 1ကောင်
- ကြက်သွန်ဖြူ
- ကြက်သွန်နီ
- ချင်းလက်တသစ်
- နံနံပင်
- ကြက်သွန်မြိတ်
- ငရုတ်စိမ်း/နီ
- သံပုရာသီး
ချက်ပြုတ်နည်း
1. ပထမဆုံးငါးကိုဗိုက်တွေကအစအကုန်ပြောင်စင်နေအောင်ဆေးရမယ် ပြီးရင် ကန့်လန့်ဖြတ်မွှန်းပြီး အချိုမှုန့် ဆား ကြက်သားမှုန့်နဲ့ အရသာဝင်အောင်နယ်ပေးပြီး ၅မိနစ်လောက်ထားထားမယ် ပြီးရင်တော့ ပေါင်းအိုးရှိ တဲ့သူတွေက ပေါင်းအိုးသုံး မရှိတဲ့သူတွေက ဒယ်နီကိုရေထည့်ပြီးဝါးခြမ်းပြားနှစ်ခုကန့်လန့်ခံ ပန်းကန်ပြားပေါ် ငါးထည့်ပြီး အဖုံးအုပ်ပေါင်းပေးရမယ်။
2. ကြက်သွန်ဖြူ/နီ ဂျင်း ငရုတ်စိမ်း/နီ ရောထောင်းထားမယ် နံနံပင်/ကြက်သွန်မြိတ် ပါးပါးလှီးမယ် သံပုရာသီး ကို အကွင်းလှလှလေးရယ် အရေညှစ်ဖို့ရယ်နှစ်မျိုးလှီးထားမယ်။
3. အဆင့်(2)မှာပြောထားတာတွေကို ရေကျတ်အေးနဲ့ အချိုမှုန့် ဆား ကြက်သားမှုန့် ထည့်ပြီးမွှေပေးရပါမယ် သံပုရာသီးလည်းထည့်ညှစ်ပေးရပါမယ်။
4. နောက်ဆုံးတော့ ပေါင်းထားတဲ့ငါးပေါ်ကိုဖျော်ထားတဲ့အရည်လောင်းထည့် သံပုရာသီးအကွင်းလေးတွေကို လှလှပပတင်လိုက်ရင် အရသာရှိတဲ့ငါးသံပုရာပေါင်းရပါပြီ။(အချဉ်အစပ်လေးလေးကြိုက်တဲ့သူတွေကငရုတ်၊ သီးသံပုရာပိုထည့်ဖျော်ပါ။)
No comments:
Post a Comment