အသားလုံးဂျပန်တိုဟူးဟင်းချို


ပါဝင်ပစ္စည်းများ

  • ဝက်ပေါင်သား.................၁၅ကျပ်သား
  • ဂျပန်တိုဟူး......................၂ခု
  • ရှီတာကီမှိုမည်းသေး..........၅ခု
  • မုန်လာဥနီ.......................၁လုံး
  • တရုတ်နံနံ+ကြက်သွန်မြိတ်.အနည်းငယ်

ချက်ပြုတ်နည်း

1. ပထမဆုံးဝက်ရိုးကိုချင်းတစ်တက်ရိုက်ပြားထည့်ပြီးဟင်းရည်ကြည်ရအောင်ပြုတ်ပါ။

2. ဝက်သားကိုနုပ်နုပ်စဉ်းပြီးဆား၊ဟင်းခတ်မှုန့်၊ငရုတ်ကောင်း၊ပြောင်းမှုန့်အနည်းငယ်ထည့်ကာစေးနေအောင် နယ်ပါ။

3. ရေစိမ်ထားတဲ့ရှီတာကီမှိုမည်းကိုရိုးတံဖြတ်ချပြီးဆူနေသောရေမှာ(၅)မိနစ်ခန့်ပြုတ်ပေးပါ။

4. မုန်လာဥနီကိုပန်းပွင့်ပုံဖော်ပြီးပါးပါးလှီးပါ။

5. ဝက်ရိုးပြုတ်ရေကိုအပူပြန်ပေးပါ။ ရှီတာကီမှိုမည်းတွေထည့်ပြုတ်ပါ။

6. အရသာနယ်ထားသောအသားကိုအလုံးငယ်ပုံစံလေးတွေလုံးထည့်ပြီးထည့်ပေးပါ။

7. မုန်လာဥနီထည့်ပါ။

8. သီးရွက်စုံငံပြာရည်၊အရသာမှုန့်တို့ဖြင့်အရသာဖြည့်စွက်ပါ။

9. အသားလုံးတွေကျက်ပြီဆိုမှဂျပန်တိုဟူးကိုအလယ်မှဖြတ်လှီးပြီး(၈)စိတ်ခန့်လှီးထည့်ပါ။

10. လက်တဆစ်ခန့်လှီးထားသောကြက်သွန်မြိတ်နှင့်တရုတ်နံနံလေးထည့်ပါ။

11. စားခါနီးမွ အကြွပ်ကြော်ထားသောကြက်သွန်ဖြူ ကြော်လေးဖြူးပေးပါ(လက်ဖက်နှင့်စားသော ကြက်သွန်ဖြူ ကြော်မဟုတ်ပါ။မိမိကိုယ်တိုင်ကြော်ထားသောကြက်သွန်ဖြူ မွမွကြော်လေးဖြစ်ပါတယ်)


ဒီဟင်းရည်ချက်ရာတွင်ဟင်းရည်မနောက်စေရန်နှင့်ကြေမသွားစေရန်အတွက် မီးရှိန်မပြင်းစေပဲတစ်ပွက်ဆူ အနေအထားအပူချိန်ကိုရွေးချယ်ပေးဖို့အထူးလိုအပ်ပါတယ်။


No comments:

Post a Comment

@templatesyard