ကျိုင်းတုံမြီးရှည်


ဟင်းရည်ချက်ရန်ပါဝင်ပစ္စည်း

  • ဝက်ရိုး သို့ နံရိုး ... ၅၀ ကျပ်သား
  • ဝက်သား ... ၂၅ ကျပ်သား(နှုတ်နှုတ်စင်းထားရန်)
  • ရှမ်းပဲပုပ် မှုန့် ... ၅ ချပ် (ကင်ပီးထောင်းထားရန်)
  • ခရမ်းချဉ်သီး ... ၉ လုံး
  • ဆနွင်း ... အနည်းငယ်
  • အရောင်တင်မှုန့်.... အနည်းငယ်
၁။ရေသန့် ထဲသို့ ဝက်နံရိုး +ပဲပုပ်မှုန့်+ခရမ်းချဉ်သီးထည့်၍ ဆူပွက်လာအောင်တည်ပါ.။
၂။ခရမ်းချဉ်သီးအခွံ အနည်းငယ်ကွဲ၍ လိတ်တက်လျှင် ဆယ်၍ နှုတ်နှုတ်စင်းပါ.။
၃။ဒယ်အိုးတစ်လုံးတွင် ဆီ ပါလေရုံထည့်၍ ဆနွင်းနှင့်အရောင်တင်မှုန့်လေးထည့် နှုတ်နှုတ်စင်းထားသော အသားထည့်၍ဆီသတ်ပါ..။အသားနည်းနည်းကျက်လျှင် ခရမ်းချဉ်သီးထည့်၍၅ မိနစ်ခန့် ရောဆီသတ်ပါ။
၄.။ဆီသတ်ထားတဲ့အသားနဲ့ခရမ်းချဉ်သီးများကို ဟင်းရည်အိုးထဲထည့်၍ မိနစ်၃၀ မှ ၄၅ မိနစ်ခန့်အရည်ကျ အောင်တည်ပေးပါ။ဆားနှင့်ဟင်းခတ်မှုန့် မိမိတို့အကြိုက်မှန်းထည့်ပါ။ဝက်သားမစားသူများ ကြက်ရိုးနှင့် ကြက်သား အစားထိုး သုံးလို့ရပါတယ်။
 
ခေါက်ဆွဲပြင်ရန်ပါဝင်ပစ္စည်း
  • မုန်တီဖတ်
  • ကြက်သွန်ဖြူဆီချက်
  • နှမ်းလှော် ... မညက်တညက်ထောင်းထားရန်
  • ပဲပင်ပေါက် ... ရေနွေးဖျောထားရန်
  • ဂေါ်ဖီထုပ် ..နှုတ်နှုတ်လှီးရေနွေးဖျောထားရန်
  • လက်ပံပွင့် ... ရေနွေးဖျောထားရန်
  • ကြက်သွန်ပင် .. နှုတ်နှုတ်လှီးပါ...
  • အချဉ်ကြိုက်လျှင် သံပုရာသီးညစ်၍စားနိုင်ပါတယ်။
ဝက်ခေါက်ကြော် + ရှမ်းမုန်ညင်းချဉ်နှင့်တွဲစားလျှင်အရမ်းလိုက်ပါတယ်။

No comments:

Post a Comment

@templatesyard