ဘဲဥကလယ်ချက်

 


ပါဝင်ပစ္စည်းများ

  • ဘဲဥ....................၅လုံး
  • ကြက်သွန်နီ..........၂လုံး
  • ကြက်သွန်ဖြူ......... ၅မွှာ
  • ငရုတ်သီးခွဲကြမ်း.... ၁ဇွန်းခွဲ
  • ငရုတ်လှော်မှုန့်........ဇွန်းဝက်
  • မဆလာ.............၂ ဇွန်း(လက်ဖက်စားဇွန်း)
  • မန်ကျည်းသီးမှည့်...ကွမ်းသီးလုံးခန့်
 
 

ချက်ပြုတ်နည်း

1. ပထမဆုံးဘဲဥကိုရေနွေးဆူဆူထဲ ထည့်ပြုတ်ပါမယ်။ ဘဲဥထည့်ပြီး ရေစဆူကာ(၇)မိနစ်ဆိုရင်ဘဲဥ လုံးဝကျက်ပါပြီ။ ဆယ်ထုတ်ပြီးရေအေးစိမ်ပါ။ 

2. ဘဲဥကိုအပူထဲကဆယ်ထုတ်ပြီးအေးလိုဇောနဲ့ရေခဲရေလိုမျိုးအရမ်းအေးတဲ့ရေမှာမစိမ်သင့်ပါ။ ဘဲဥတွေ
အခွံခွာမရအောင်ကပ်သွားတတ်တာကိုသတိပြုပါ။

3. ကြက်သွန်နီ ၊ ဖြူ ၊ ငရုတ်ခွဲကြမ်းမှုန့်တို့ကို ဆား ၊ နနွင်း ၊ အရောင်တင်အနည်းငယ်တို့နှင့်အတူ ခပ်ကြမ်း ကြမ်း ထောင်းပါ။


4. မန်ကျည်းမှည့်လေးကိုရေနွေးစိမ်ပြီးအနှစ်ကျဲကျဲရအောင်ဖျော်ပါ။

5. ဘဲဥတွေအေးပြီဆိုအခွံခွာ ထက်ခြမ်း ခြမ်းပါ။ အလုံးလိုက်ချက်ချင်ရင်တော့ ပတ်လည်ကို ဓားလေးနဲ့ အနည်းငယ်မွှန်းပါ။

6. ဒယ်အိုးတစ်လုံးမှာဆီကိုအပူပေးပြီး ထောင်းထားသောအရောကိုဆီသပ်ပါ။

7. ကရဝေးရွက် ၂ ရွက်လောက်ကိုလဲ ထည့်ဆီစပ်ပါ။

8. မွှေးလာလျှင်ဂေါ်ရင်ဂျီမဆလာထည့်ပါ။ မဆလာခပ်တဲ့အချိန် သတိထားစရာတစ်ခု ရှိပါတယ်။ မဆလာဆိုတာဆီပူထဲကိုခပ် မှမွှေးပါတယ်။ ရေရှိနေတဲ့အချိန် မဆလာထည့်ရင် အနံ့မမွှေးပဲ ရေထဲကို အမှုန့်တွေဖြူးသလိုပဲဖြစ်တတ်ပါတယ်။

9. မဆလာထည့်ပြီးတာနဲ့ငရုတ်သီးလှော်မှုန့်လေးထည့်ပြီးမွှေပေးပါ။မန်ကျည်းမှည့်ရည်လေး
လောင်းထည့်ပါ။ ဆား ၊ ဟင်းခတ်မှုန့်ဖြင့်အရသာဖြည့်စွက်ပါ။

10. ဘဲဥတွေ ထည့်ပါ။ ဘဲဥ ထည့်ချိန်က စပြီးမီးရှိန်လျှော့ထားပြီး လိုအပ်မှ မွှေပေးရပါမယ်။ ဘဲဥ အနှစ်အကာ တွေ ထွက်သွားတတ်တာကိုဂရုပြုပါ။

11. ရေခမ်းဆီပြန်လာပြီဆိုရင်တော့ မီးဖိုပေါ်မှချပါ။ ရနံ့လဲမွှေး အမြင်လဲ လှပြီး အရသာရှိလှတဲ့ဘဲဥ ကလယ် ချက်လေးရပါပြီ။


 

No comments:

Post a Comment

@templatesyard