မာလာငါးကင်

 


ပါ၀င်ပစ္စည်းများ

  • တီလားဗီးယားငါး
  • ကြက်သွန်ဖြူ
  • သန့်စင်ပြီး ပူဒီနာရွက် (၂)စည်းခန့်
  • ကြက်သွန်ဖြူဥ အကြီး (၄-၅)မွှာ
  • နံနံပင် အနည်းငယ်
  • ငရုပ်သီးစိမ်း အနည်းငယ်
  • ဂျင်းလက်နှစ်ဆစ်ခန့်
  • သံပုရာသီးတစ်လုံး
  • ပျားရည်
  •  ဆီ 
  • ထောပတ်
  • နံနွင်းမှုန့် 
  • ဆား 
  • ငရုပ်သီးအစိမ်းမှုန့်အနည်းငယ်


အချဉ်ရည်ပြုလုပ်ရန်

  • မန်ကျည်းသီးမှည့်အနည်းငယ်
  • ကြက်သွန်ဖြူ (၃)မွှာခန့်
  • ငရုပ်သီးခြောက်/ ငရုပ်သီးစိမ်းအနည်းငယ်
  • နံနံပင်အနည်းငယ်


ပြင်ဆင်ပြုလုပ်နည်း

1. နံနံပင်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုပ်သီးစိမ်းများကို အဆင်သင့် ရေဆေးသန့်စင်ထားပါ

2. ငါးကိုင်ပြီးသားကို ရေစင်အောင်ဆေးပြီး ဆားအနည်းငယ်၊ နနွင်းမုန့်အနည်းငယ်၊ ဂျင်းကိုထောင်းပြီး ရလာသော အရည်အနည်းငယ်တို့ဖြင့် အသားထဲစိမ့်၀င်အောင် နယ်ပြီးနှပ်ထားပါ။


3. ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း၊ ပူဒီနာရွက်၊ နံနံပင်တို့ကိုထောင်းပါ။ ပြီးလျှင် ငရုပ်သီးအစိမ်းမှုန့်အနည်း ငယ်၊ ဆီထမင်းစားဇွန်း ၂ဇွန်း-၃ဇွန်းခန့်ထည့်ပြီးနယ်ပါ။ ငါးကင်အနံသတ်ဖို့အတွက် အနှစ်ရပါပြီ။

4. ပြီးလျှင်အနှစ်အချို့ကို ငါးကိုယ်အနှံသုတ်လိမ်းပြီး ပိုသည်များကို ငါး၀မ်းဗိုက်ထည့်သို့ ထည့်သိပ်ပါ။ သံပုရာ ရည်အနည်းငယ် ညှစ်ထည့်လျှင် ပိုကောင်းပါသည်။

5. ငါးကင်နေစဉ်အပေါ်မှ သုတ်လိမ်းရန် ထောပတ်အနည်းငယ်၊ ပျားရည်နှင့် ဆီ ထမင်းစားဇွန်း တစ်ဇွန်းစီခန့် ထည့်ပြီး မွှေထားပါ။

၆) မီးဖိုပေါ်တွင် မီးအေးအေးဖြင့် ငါးအကျက်ညီအောင် အထက်အောက်လှန်၍ ဖြည်းဖြည်းချင်း ကင်ပေးပါ။ (ထောပတ်နဲ့ ပျားရည်စပ်ထားတဲ့အဆီကို သုတ်လိမ်းပေးနိုင်လျှင်ပိုကောင်းပါသည်။) 

7. မီးဖိုဖို့အဆင်မပြေတဲ့သူတွေကတော့ Fried Pen (သို့) Microwave ထဲထည့်ပြီး ပြုလုပ်နိုင်ပါတယ်။ မီးခိုးနံ့ သင်း၊ မသင်းပဲ ကွာသွားမှာပါ။


 

No comments:

Post a Comment

@templatesyard