ကင်မ်ချီထမင်းကြော်

 

 

 ပါဝင်ပစ္စည်းများ

  • ထမင်းကြမ်း ၂၀၀ ဂရမ်
  • ကြက်သား/. ၇၅ ဂရမ်
  • အသားနပ်ရန် ပဲငံပြာရည်လဖက်ရည်ဇွန်း ၁ ဇွန်း
  • ကင်မ်ချီ ၆၅ ဂရမ်
  • ပဲသီး ၅၀ ဂရမ်
  • ကိုရီးယားငရုပ်သီးအနှစ် စားပွဲတင်ဇွန်းတဝက်
  • နှမ်းဆီမွှေး လဖက်ရည်ဇွန်းဝက်
  • ပဲငံပြာရည်အကြည်လဖက်ရည် ဇွန်း ၁ ဇွန်း
  • သကြား လဖက်ရည်ဇွန်းဝက်
  • နှမ်းလှော် အနည်းငယ်
  • ကြက်သွန်မြိတ် ၁ ပင်(ပါးပါးလှီးပါ)
  • ဆီ စာပွဲစားဇွန်း၂ဇွန်း
 

ပြုလုပ်နည်း

1. ကင်မ်ချီအရည်ကို စစ်ယူပြီးပန်းကန် ထဲထည့်ထားပါ။

2. ကင်ချီကို ပါးပါးလှီထားပါ။


3. ကင်ချီအရည် ပန်းကန်ထဲကို ကိုရီးယားငရုပ်သီးအနှစ်ထည့်ပါ။

4. ပြီးရင် ပဲငံပြာရည်၊ သကြား၊ နှမ်းဆီမွှေးထည့်ပြီး မွှေထားပါ။


5. အသားကို ပါးပါးလှီးပြီး ပဲငံပြာရည်နဲ့ နယ်ထားပါ။

6. ထမင်းကြော်မည့် ဒယ်အိုးထဲကို ဆီထည့်ပါ၊ ဆီပူရင် ကင်မ်ချီးထည့်ကြော်ပါ။

7. ပြီးရင် အသားထည့်ကြော်ပါ၊ ပြီးရင် ပဲသီးထည့်ကြော်ပါ၊ ထမင်းထည့်ပါ။

8. စပ်ထားတဲ့ sauce ထည့်ကြော်ပါ၊ ကျက်လျှင် ပန်းကန်ပြားထဲထည့်ပြီး နှမ်းဖြူး ပြီးသုံးဆောင်နိုင်ပါပြီ။


 

No comments:

Post a Comment

@templatesyard