ကော်ပြန့်စိမ်း

 


ပါ၀င်တဲ့ပစ္စည်းများ

  • ကော်ပြန့်စိမ်း ၂၀ ရွက် ( Supermarket များမှာ အလွယ်တကူ၀ယ်လို့ ရပါတယ် )
  • ကြက်သား ( ထည့်လိုလျင် ) အသား ၁၀ သား
  • ဂေါ်ဖီထုတ် ၁၅ ကျပ်သား
  • မုန်လာဥနီ ၁ လုံအနေတော်
  • တရုတ်နံနံ ၁ စီးနှမ်းမွေးဆီ အနည်းငယ်
  • ကြ က် ဥ ၁ လုံး
  • တရုတ်မဆလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • အရသာမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ ၂ လုံး
  • ကြက်သွန်ဖြူ ၁ လုံး
  • ပဲပိစပ်ဆီ စတီးဇွန်း ( ၁ ) ဇွန်း


ပြင်ဆင်ပြုလုပ်ပုံ

1. ကြက်သားကို နုတ်နုတ် စဉ်းပြီး ၊ ကြက်သွန်ဖြူ ၅ မွှာခန့်ထောင်းထည့်၊ အရသာမှုန့်ထည့်နယ်ကာ နှပ်ထား ရပါမယ်။

2. ဂေါ်ဖီထုတ်ကို ပါးပါးလှီး၊ မုန်လာဥနီကို ပါးပါးလှီး၊ ကြက်သွန်နီကို အတုံးလေး တွေဖြစ်အောင်လှီး၊ ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားရပါမယ်။

3. ဆီအိုးတည်ပြီး ပဲပိစပ်ဆီကျက်ရင် ကြက်သွန်ဖြူကို ဆီသပ်ပါမယ်။ နယ်ထားတဲ့ ကြက်သားကို ထည့်ပြီး     ၅ မိနစ်ခန့်ရေကုန်အောင်လုံးရပါမယ်။ နုတ်နုတ်စဉ်းထားတဲ့အတွက် ၅ မိနစ် ကနေ ၇ မိနစ်ကြားရေကုန်ရင် ကျက်ပါပြီ။ ကြက်သွန်နီ ဂေါ်ဖီထုတ် မုန်လာဥနီ တို့ကို အစဉ်လိုက်ထည့်ရပါမယ်။ အရမ်းနူးသွားရင်စား မကောင်းတဲ့အတွက် အရသာမှုန့်ထည့်ပြီးတာနဲ့ ၂ မိနစ်ခန့်မွှေပြီး၇င်၊ ခေါက်ထားတဲ့ ကြက်ဥ ၁လုံး ၊ နှမ်းဆီမွှေး နဲ့ တရုတ်မဆလာ ထည့်ရပါမယ်။ ပြီးတာနဲ့ အနေတော်ညှပ်ထားတဲ့ တရုတ်နံနံထည့်အုပ်လိုက်ပြီးရင် အအေးခံ ထားရပါမယ်။ တချို့ကလဲ အဲဒီ အချိန်မှာ ကော်မှုန့်စတီးဇွန်း ၁ဇွန်းစာလောက်ကို ခပ်ပြစ်ပြစ်ဖျော်ပြီး လောင်းထည့်တတ်ပါတယ်။ ကော်နဲ့ မကြိုက်ရင်တော့ မထည့်ပဲ ချထားပြီးအအေးခံထားလို့ ရပါပြီ။

4. ၀ယ်ထားတဲ့ ကော်ပြန့်ဖတ်တွေကို တလွှာခြင်းဆီ ခွါထားရပါမယ်။ အကယ်လို့ ချက်ထားတဲ့ အစာမှာ ဆီ ကျန်နေသေးတယ်ဆိုရင် အိုးကို နဲနဲ စောင်းပြီး ဆီစစ်ထားရင် ပိုကောင်းပါတယ်။

5. ကော်ပြန့်ဖတ်ကိုခင်း၊ ချက်စားတဲ့အစာကိုထည့်ပြီး လိတ်လိုက်ရင် ကော်ပြန့်စိမ်းရပါပြီ။


 


No comments:

Post a Comment

@templatesyard