ဆီထမင်း

 


ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းဆန် - နို့ဆီ ၂ ဘူး
  • (မနက်စာ အတွက် ညထဲက ကောက်ညှင်းဆန်တွေကို ရေစိမ်ထားပေးပါ။)
  • ကြက်သွန်နီ - ၆ လုံး
  • ဆား ဆနွင်း အနည်းငယ်
  • ဆီ ၁၅ ကျပ်သားခန့်


ချက်ပြုတ်နည်း

1. ဒယ်ပူလာလျှင် ဆီ ထည့် ဆနွင်းအနည်းငယ် ထည့်ပါ။

2. ကြက်သွန်နီ ပါးပါးလှီးထားတာထည့်ပြီး ရွှေညိုရောင် ရသည်အထိ ကြော်ပေးပါ။ (ဆီထမင်း ပေါ် ဖြူးပြီး စားရန်ပါ)။

3. ကြက်သွန်ကြော်ရလျှင် ဆယ်ထားပြီး ကျန်ဆီများထဲ ရေစိမ်ထားသော ကောက်ညှင်းများ ရေစစ်ထည့်ပါ။

4. ဆား အနည်းငယ်ထည့်ပြီး ၁ မိနစ်ခန့်မွှေပေးပါ။

5. ကောက်ညှင်းရေမြုပ်သည်အထိ ထည့်ပြီး အဖုံးအုပ်တည်ထားပါ။

6. ရေခန်းခါနီးလျှင် ၁ မိနစ်ခန့် မွှေပေးပါ။

7. ရေခန်းလျှင် ဒယ်အိုးဖုံးပြန်မပိတ်တော့ဘဲ ဒယ်အိုးမကပ်စေရန် မကြာခဏမွှေပေးပါ။တစ်ဖျစ်ဖျစ်မြည်လာ သည်အထိ မွှေပြီးလျှင် ဆီထမင်းအိအိလေးရပါပြီ။

8. မိမိကြိုက်နှစ်သက်ရာနဲ့ အကြော်အမျိုးမျိုးဖြင့် တွဲဖက်စားသုံးနိုင်ပါတယ်။


 

No comments:

Post a Comment

@templatesyard