ရန်ကုန်ထမင်းပေါင်း

 


ပါ၀င်သောပစ္စည်းများ - 
(၃ ပွဲ/၄ ပွဲစာအတွက်)

  • ကြက်သား - ၁၀ သား
  • ကြက်မြစ် ကြက်သည်း - ၁ စုံ
  • ပုဇွန်အသေး - ၁၀ သား
  • ငုံးဥ - ၆ လုံး
  • ကိုက်လန် - ၄ ပင်
  • ပန်းမုန်လာ - လက်တဆုပ်စာ
  • အစိမ်းရောင် ပန်းမုန်လာ - လက်တဆုပ်စာ
  • မုန်လာဥနီ - ၁ ဥ
  • ဂေါ်ဖီထုပ် - လက်တဆုပ်စာ
  • မုန်ညှင်းဖြူ - အနည်းငယ်
  • ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်း ၄ ဇွန်း
  • သကြား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ ၀က်
  • ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း တ ၀က်
  • ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း
  • နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ကော်မှုန့်(သို့) ပြောင်းဖူးမှုန့်- ထမင်းစားဇွန်း ၄ ဇွန်း
  • ကြက်သွန်ဖြူ - ၂ မွှာ
  • ဆီ - ထမင်းစားဇွန်း ၂ ဇွန်း

( ထမင်းစားဇွန်း = 1 tablespoon = 15 ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း

1. ကြက်သားကို အတုံးအသေးလေးတွေ (သို့) ရှည်ရှည်ပါးပါးလေးတွေလှီးထားပါ။ ကြက်မြစ် ကြက်သည်းကို  သန့်စင်ပြီး ကြိုက်နှစ်သက်ရာအရွယ်အစားလှီးထားပါ။ ပုဇွန်ကို အခွံနွှာထားပါ။ ငုံးဥကို ပြုတ်ပြီးအခွံနွှာထားပါ။

 
2. အသီးအနှံများကို ရေဆေးသန့်စင်ပြီး ကြိုက်နှစ်သက်ရာအရွယ်အစားလှီးထားပါ။ မာသော အသီးအနှံများ ဖြစ်တဲ့ မုန်လာဥနီ၊ ပန်းမုန်လာ၊ အစိမ်းေ၇ာင်ပန်းမုန်လာ၊ ကိုက်လန်အရိုးတို့ကို သတ်သတ်၊ ဂေါ်ဖီထုပ်၊ မုန်ညှင်းဖြူ နှင့် ကိုက်လန် အရွက်တို့ကိုသတ်သတ်စီထားပါ။ကော်မှုန့်ကိုတရုတ်ထမင်းစားပန်းကန်လုံးထဲထည့် ၍ ရေကို ပန်းကန်လုံးပြည့်ခါနီးထိထည့်ပြီး ကော်မှုန့်အရည်ပျော်အောင်ဖျော်ထားပါ။


3. ဒယ်အိုးကြီးကြီး တခုထဲတွင် ဆီကိုထည့် အပူပေးပြီး ဆီပူလာလျှင် ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူကို ထည့်၍ ဆီသတ်ပါ။


4. ကြက်သွန်ဖြူ အနံ့မွှေးလာလျှင် အသား၊ ကြက်သည်းကြက်မြစ်ကို အရင်ထည့်ကြော်ပါ။ ကျက်လျှင် ပုဇွန်ကို ထည့်ပါ။ ပဲငံပြာရည်အကျဲကို ထမင်းစားဇွန်း ၁ ဇွန်းနှင့် သကြား (သို့) အချိုမှုန့်ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်၍ သမအောင်ကြော်ပါ။


5. ပြီးလျှင် မာသော ဟင်းသီးဟင်းရွက်များဖြစ်တဲ့ မုန်လာဥနီ ၊ ပန်းမုန်လာ၊ အစိမ်းရောင်ပန်းမုန်လာ၊ ကိုက်လန်အရိုးတို့ကိုထည့်၍ အရင်ကြော်ပါ။ ဆား၊ ပဲငံပြာရည်အကျဲ ထမင်းစားဇွန်း ၃ ဇွန်း၊ သကြား(သို့) အချိုမှုန့်လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ၊ နှမ်းဆီမွှေး၊ ကြက်သားမှုန့်တို့ကို ထည့်ပါ။ ရေကို အသီးအနှံ့ များဖုံးရုံ လောက်ထည့်ပါ။ ထို့နောက် ၂ မိနစ်လောက် အဖုံးမအုပ်ပဲ မွှေပြီးကြော်ပေးပါ။ (အဖုံးအုပ်လိုက်ရင် အစိမ်း ရောင်များနွမ်းသွားလို့ပါ။)


6. ပြီးမှ ကျန်သော အရွက်များကို ထည့်၊ ခရုဆီ၊ ငုံးဥ၊ အရည်ဖျော်ထားသော ကော်မှုန့်တို့ကိုထည့်ပြီး ၂ မိနစ် လောက် မွှေကြော်ပါ။ အပေါ့အငံ မြည်း၍ မီးဖိုပေါ်မှချပါ။


7. ထမင်းပေါင်းလုပ်ရန်အတွက် ထမင်းကို အလယ်မှာထား အပေါ်ကနေ အသီးအနှံ ကြော်ထားတာကို ဆမ်းပြီး ကြက်ဥကြော်လေးဖြင့် သုံးဆောင်နိုင်ပါပြီ။


 

No comments:

Post a Comment

@templatesyard