အင်ဒိုထမင်းကြော်

 

ပါဝင်ပစ္စည်းများ

  • ထမင်းကြမ်း ၄၀၀ ဂရမ်
  • မျောက်ငိုသီး စာပွဲစားဇွန်း ၂ ဇွန်း
  • ပုဇွန် ၆ ကောင်
  • တရုပ်နံနံပင် ၂ ပင် (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီကြော် စာပွဲစားဇွန်း ၂ဇွန်း
  • ကြက်ဥကြော်ရန် ကြက်ဥ ၂ လုံး
  • ထမင်းကြော်ရန် ဆီ စာပွဲစားဇွန်း ၆ ဇွန်း
အနှစ်ထောင်းရန် လိုအပ်ပစ္စည်း
  • ကြက်သွန်နီဥအေသး ၃လုံး
  • ကြက်သွန်ဖြူ ၅ မွှာ
  • ငရုပ်သီးစိမ်း ၈ တောင့်
  • ငပိစိမ်းစား လဖက်ရည် ဇွန်း ၂ ဇွန်း
 

ထမင်းကြော်အတွက်လိုအပ်ပစ္စည်းများ

  • ပဲငံပြာရည်အကြည် လဖက်ရည်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည်အေနာက် လဖက်ရည်ဇွန်း ၂ ဇွန်း
  • အရသာမူန့် အနည်းငယ်
  • ငရုပ်ကောင်းမူန့် အနည်းငယ်
 
 
 ပြင်ဆင်ချက်ပြုတ်နည်း

1. ငရုပ်သီးစိမ်း နဲ့ ကြက်သွန်ဖြူကို အရင်ထောင်းပါ၊ ပြီးမှ ကြက်သွန်နီ နဲ့ ငပိထည့်ထောင်းကာ ပြီးရင် ပုဂံထဲ ထည့်ထားပါ။

2. အားလုံးအဆင်သင့်ဖြစ်ရင် ဒယ်အိုးထဲ ဆီ အနည်းငယ်ထည့်ပါ၊ ပြီးရင် ကြက်ဥထည့်ကြော်ပြီး ဆယ်ထားပါ
ဒယ်အိုးထဲ ကျန်တဲ့ ဆီနဲ့ ထောင်းထားတဲ့ အနှစ် ထည့်ပြီး ဆီသတ်ပါ၊ မျောက်ငိုသီးရှိပါက မျောက်ငိုသီးထည့်ပါ။


3. ထမင်းကြမ်း၊ ပဲငံပြာရည် ၂ မျိူး၊ ငရုပ်ကောင်း၊ အရသာမူန့်ထည့်ပါ၊ ပြီးရင် တရုပ်နံနံပင်နဲ့ ကြက်သွန်မြိတ် ထည့် ကြော်ပါ။


4. စားတဲ့အခါမှာ ကြက်သွန်နီကြော် ဖြူးစားပါ၊
ကြက်ဥကြော်၊ သခွားသီး၊ ခရမ်းချဥ်သီး ငါးမုန့်ကြော်တို့ဖြင့် တွဲဖက်စားသုံးနိုင်ပါသည်။


 

No comments:

Post a Comment

@templatesyard