ကိုရီးယားထမင်းကြော်

 

Black Beans Sauce ဟင်းချက်ရန်ပါဝင်ပစ္စည်းများ

  • မုန်လာဥအဖြူ ၁၀၀ ဂရမ် - အတုံးသေးသေးတုံးပါ
  • အာလူး ၁၅၀ ဂရမ် - အတုံးသေးသေးတုံးပါ
  • ဂေါဖီ ၁၀၀ ဂရမ် - သေးသေးလှီးထားပါ
  • ကြက်သွန်နီ ၁၆၀ ဂရမ် - အတုံးသေးသေးတုံးထားပါ
  • ကြက်ရင်ပုံသား ၂၀၀ ဂရမ် - အတုံးသေးသေးတုံးထားပါ
  • ကိုရီးယားblack beans sauce စာပွဲစားဇွန်း ၄ ဇွန်း
  • ဆီ စာပွဲစားဇွန်း ၃ ဇွန်း
  • နှမ်းဆီမွှေး စာပွဲစားဇွန်း ၁ ဇွန်း
  • ဆား လဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုပ်ကောင်းအမဲ လဖက်ရည်ဇွန်း ၂ ဇွန်း
  • သကြား စာပွဲစားဇွန်း ၂ ဇွန်း
  • ရေ ၆၀၀ ml
  • ပြောင်းဖူးမူန့် စာပွဲစားဇွန်း ၂ ဇွန်း


ထမင်းကြော်ရန်လိုအပ်ပစ္စည်းများ

  • ထမင်းဖြူ ၄၀၀ ဂရမ်
  • ကြက်သွန်ဖြူ ၃ မြှောင့် - နူတ်နူတ် စင်းပါ
  • မုန်လာဥနီ ၄၀ ဂရမ် - အတုံးသေးသေးတုံးထားပါ
  • ကြက်သွန် မြိတ် ၁ ပင်.ပါးပါးလှီးပါ
  • ကြက်ဥ ၂ လုံး
  • ဆီ စာပွဲစားဇွန်း ၃ ဇွန်း
 

Black beans sauce ဟင်းချက်နည်း 

     ဆီအိုးတည်ပါ.ဆီပူရင် ကြက်သားထည့်ကြော်ပါ၊ ကြက်သားကို နီညိုရောင်သန်းသည်အထိ ကြော်ပါ            ( ဝက်သားသုံးထပ်သား ဆိုရင် ပိုကောင်းပါတယ်.ဝက်သားသုံးထပ်သားကိုကြွတ်နေအာင်ကြော်ရင်ပိုကောင်း ပါတယ်) ပြီးရင် လှီးထားတဲ့ ကြက်သွန်. မုန်လဘဥဖြူ.ဂေါဖီ.အာလူး တို့ထည့်ပြီး နဲနဲနွမ်းသည်အထိကြော်ပါ
ပြီးရင် အားလုံးကို ဘေးကပ်ပြီး ဆီနဲနဲထည့်ပါ. ကိုရီးယား black beans sauce ထည့်ကြော်ပါ၊ ပြီးရင် အားလုံး ရောမွှေပြီးရေထည့်ပါ၊ ဆားသကြား.ငရုပ်ကောင်းထည့် ပြီး အဖုံးအုပ်ချက်ပါ၊ ကြက်သား၊ အာလူးနူးရင် ဆော့စ် ပျစ်စေရန် ပြောင်းဖူးမူန့်ကို ရေနဲ့ ဖျောပြီး ထည့်မွှေပေးပါ၊ နှမ်းဆီမွှေးထည့်မွှေပြီးရင် အဆင်သင့်ဖြစ်ပါပြီ။


ထမင်းကြော်နည်း

        ဆီအိုးတည်ပါ ဆီပူရင် ကြက်သွန်ဖြူထည့်ဆီသတ်ပါ၊ ပြီးရင် ကြက်ဥထည့်ကြော်ပါ၊ ပြီးရင် မုန်လာဥနီ နဲ့ ထမင်းထည့်ပြီးကြော်ပါ၊ ချက်ထားတဲ့ black beans sauce နဲ့ စားရမှာဖြစ်တဲ့ အတွက် ထမင်းကြော်မှာ အရသာ ထည့်ရန် မလိုပါ၊ စားမည်ဆိုပါက ပုဂံပြားထဲကို ထမင်းကြော်ထည့်ပါ၊ ပြီးရင် ချက်ထားတဲ့ Black Beans Sauce ဟင်းထည့်ပြီးစားပါ၊ တွဲဖက်သားရမှာကတော့ ကိုရီးယား မုန်လာဥအချဥ် အဝါ ဖြစ်ပါတယ်။


ကိုရီးယား Black Beans Sauce ( Jjajang ) လုပ်နည်း


ပါဝင်ပစ္စည်းများ

  • ပဲအမဲ ( salted black beans) ၄၀၀ ဂရမ်
  • ချင်း ၂၅ ဂရမ် ထောင်းထားပါ
  • ငရုပ်သီးမှဲ့အတောင့်ရှည် အနီ ၂ တောင့်
  • ဆား လဖက်ရည်ဇွန်း ၂ ဇွန်း
  • သကြား စာပွဲစားဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် အကြည် စာပွဲစားဇွန်း ၄ ဇွန်း
  • ရှလကာရည် စာပွဲစားဇွန်း ၄ ဇွန်း
  • ပဲငံပြာရည်အနောက် စာပွဲစားဇွန်း ၂ ဇွန်း
  • ဆီ စာပွဲစားဇွန်း ၂ ဇွန်း
  • နှမ်းဆီမွှေး စာပွဲစားဇွန်း ၁ ဇွန်း+စာပွဲစားဇွန်း ၁ ဇွန်း
  • ပြောင်းဖူးမူန့် စာပွဲစားဇွန်း ၁ ဇွန်း
 
 
ပြုလုပ်နည်း

        ပထမဦးဆုံး ထောင်းထားတဲ့ ချင်းကို ဇွန်း ၂ ဇွန်း.နှမ်းဆီမွှေး ၁ ဇွန်းနဲ့ ဆီသတ်ပါ၊ ပြီးရင် ငရုပ်သီး နဲ့ ပဲအမဲ ထည့်ပြီးဆီသတ်ပါ၊ ပဲငံပြာရည်အကြည်၊ ဆား၊ သကြားထည့်ပါ၊ပြီးရင် အအေးခံထားပါ။ အေးသွားသည့်အခါ blender ထည့်ကြိတ်ပါ၊ ဒါမှမဟုတ် ညှက်အောင်ထာင်းပါ။ ပြီးရင် ဒယ်အိုးထဲထည့်ပြီး အပူပေးပါ၊ ရှာလကာ ရည်၊ ပဲငံပြာရည်အနောက်ထည့်မွှေပေးပါ။ ပြီးရင် နှမ်းဆီမွှေးထည့်ပါ.ပြီးရင် ပြောင်းဖူးမူန့်ကို ရေနဲ့ ဖျော်ပြီး ထည့်ပါ၊ ဆော့စ်ပျစ်ရင်ရပါပြီ။


 

No comments:

Post a Comment

@templatesyard