ဂျပန်ထမင်းကြော်

 

ပါဝင်ပစ္စည်းများ

  • ဆူရှီထမင်း ၃၀၀ ဂရမ်
  • ထောပတ် ၂၅ ဂရမ်
  • ကြက်သွန်ဖြူ ၂၀ ဂရမ်
  • ကြက်ဥ ၂ လုံး
  • ပဲငံပြာရည်အကြည် စာပွဲစားဇွန်း ၂ ဇွန်း
  • ဆား အနည်းငယ်
  • မာရိုနီစ် စာပွဲစားဇွန်း ၂ ဇွန်း
 
ပြုလုပ်နည်း

1. ဆူရှိထမင်းကို မာရိနီစ်နဲ့နယ်ထားပါ။


2. ကြက်သွန်ဖြူကို နူတ်နူတ်စင်းထားပါ။


3. ဒယ်အိုးကို အပူပေးပါ.မီးလျော့ ပြီး ထောပတ်ထည့်ပါ၊ ထောပတ် အရည်ပျောလျှင် ကြက်သွန်ဖြူထည့် ဆီသတ်ပါ။


4. ပြီးရင် နယ်ထားတဲ့ ဆူရှိထမင်းထည့်ပြီးမွှေပေးပါ၊ ပဲငံပြာရည်ထည့်ကြော်ပါ၊ ထမင်းကို ဘေးဖက်ကပ်ပြီး ထောပတ် အနည်းငယ်ထည့်ပြီးကြက်ဥကို ခေါက်ပြီးထည့်ကြော်ပါ၊ ကြက်ဥကို ချက်ချင်းမမွှေပါနဲ့။အောက်ဖက် ကျက်စပြုရင် ယောင်းမနဲ့ ညင်သာစွာမွှေပြီး နုညံ့တဲ့ ကြက်ဥကြော်အဖတ်များရအောင်ကြော်ပါ။


5. ပြီးမှ ထမင်းနဲ့ ပြန်ရောပြီးမွှေပေးပါ။



No comments:

Post a Comment

@templatesyard