မာလာငါးပေါင်း (အလွယ်နည်း)

 



ပါ၀င်ပစ္စည်းများ

  • ဆလားဗီးယား ငါး (သို့) ကြိုက်နှစ်သက်ရာငါး - ၁ ကောင်
  • မာလာငါး အနှစ်  - ထမင်းစားဇွန်း၂ ဇွန်း (သို့) အထုပ် ထဲမှ သုံးပုံတပုံ
  • မြေပဲ - ထမင်းစားဇွန်း ၂ ဇွန်း
  • လှော်ထားသောနှမ်း - ထမင်းစားဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် - ကြိုက်နှစ်သက် သလောက်
  • ပါးပါးလှီးထားသော တရုတ်နံနံ - ကြိုက်နှစ်သက်သလောက်
  • ဂျင်း- လက်တဆစ်
  • ဆီ - ထမင်းစားဇွန်း ၁ ဇွန်း
  • ရေ - ထမင်းစားဇွန်း ၄ ဇွန်း


ချက်ပြုတ်နည်း

 
1. ဂျင်းကိုမညက်တညက်ထောင်းပါ။ သန့်စင်ထားသောငါးကို ပန်းကန်တခုထဲထည့်၍ ဂျင်း အရည်ကို အပေါ်မှညှစ်ချပါ။ ငါးရဲ့  ၂ဖက်လုံးပေါ် ဂျင်းရည် ညှစ်ပါ။ ထို့နောက် ငါးကို ၁၅ မိနစ် (သို့) မိနစ် ၂၀ ခန့်ပေါင်းပါ။ ပန်းကန်ထဲတွင် ပေါင်းထားသော ငါးမှ ထွက်လာသောအရည်များကို သွန်ပစ်ပါ။ (ထိုအရည်များတွင် အညှီနံ့ များပါသွားပါလိမ့်မည်။)


2. မာလာငါးအနှစ်လုပ်ရန်အတွက် အိုးတခုထဲတွင် ဆီ၊ မာလာငါးအနှစ်၊ ရေ တို့ကို တည်ပါ။ အနှစ်များကျက်ပြီး အရမ်းပူလာလျှင် မီးဖိုမီးပိတ်ပြီး မြေပဲ၊ နှမ်း၊ တရုတ်နံနံ၊ ကြက်သွန်မြိတ်တို့ကို ထည့်၍ နှံ့အောင်မွှေပါ။


3. ထို့နောက် ပြုလုပ်ထားသော မာလာငါးအနှစ်ကို ပေါင်းထားသော ငါးအပေါ်မှ ဆမ်းပေးပါ။


4. အလွန်အရသာရှိပြီး ပြုလုပ်ရလွယ်ကူတဲ့မာလာငါးပေါင်းကို ထမင်းပူပူဖြင့်သုံးဆောင်နိုင်ပါပြီ။


 

No comments:

Post a Comment

@templatesyard