အုန်းနို့ကောက်ညှင်းပေါင်း

 

ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းဆန် - ၁ ဗူး (နို့ဆီဗူး)
  • ယိုးဒယား အုန်းနို့ - ၁ ဗူး (အသေး)
  • သကြား - ၁ ဇွန်း (ထမင်းစားဇွန်း)
  • ဆား - အနည်းငယ်
 
ပြုလုပ်နည်း

1. ကောက်ညှင်းဆန်ကို ရေနဲ့ ၂ ထပ်ဆေး ပြီး ရေစိမ်ထားပါ။ (အနည်းဆုံးအချိန် ၆နာရီခန့်စိမ်ရပါမယ်)

2. ရေနွေးဆူအောင် အရင်တည်ထားပါ။

3. ကောက်ညှင်းဆန်ကို ရေစစ်ပြီး ဆားနှင့်နယ်ထားပါ။

4. ရေနွေးပွက်ပွက်ဆူလာလျှင် ရေနွေးအိုးပေါ် ပေါင်းခံတင်ပြီး ကောက်ညှင်းဆန်ကို ထည့်ပြီး အဖုံးလုံအောင် အုပ်ပြီး တယ်ထားပါ။

5. ၁၅ မိနစ်လောက်နေလျှင် အနပ်ညီစေရန် ကောက်ညှင်းဆန်ကို အထက်အောက်လှန်ပြီး အုန်းနို့ကို နည်းနည်း စီထည့်ပေးပါ။

6. နောက် ၁၅ မိနစ်ကြာလျင် နောက်တခေါက် အထက်အောက်လှန်ပေးပါ။ စုစုပေါင်း ကောက်ညှင်းပေါင်းချိန် ၄၅ မိနစ်လောက်ဆိုလျှင်ကျက်ပါပြီ။ (ထမင်းချက်တဲ့ပေါင်းအိုးနဲ့ ပေါင်းလို့ရပါတယ်။)


 

No comments:

Post a Comment

@templatesyard