အစုံသုပ်

 

 

ပါဝင်ပစ္စည်းများ

  • ကြာဇံ
  • ခေါက်ဆွဲ
  • ညှက်ခေါက်ဆွဲ
  • တို့ဟူး
  • ပဲပြား
  • ဂေါ်ဖီ
  • ကြက်သွန်နီ
  • ပဲပင်ပေါက်
  • အာလူး
 

အစုံသုပ်ပြုလုပ်နည်း

1. ပဲပြားကို အနေတော်လှီးပြီး ရွှေဝါရောင်သန်းသည်အထိ ကြွပ်နေအောင် ကြော်ထားပေးပါ။

2. အာလူးကို ပြုတ်ပြီး အခွံခွာထားပေးပါ ။ ပဲပင်ပေါက်ကို ရေနွေးဖျောထားပေးပါ။

3. ကြာဇံကို နာရီဝက် ရေကြိုစိမ်ထားပေးပါ ။ ပြုတ်ရန်အတွက် ရေနွေးဆူဆူထဲ ဆီ ၂စက်ခန့်ထည့်ပါ။ ကြာဇံ ထည့်ပြီး တစ်မိနစ်ကြာမွှေပြီးရင်ချက်ချင်း ဇကာနဲ့ ပြန်ဆယ်ပြီး ရေစစ်ထားပါ။

4. ကြာဇံ နဲ့ ခေါက်ဆွဲ အပေါ်မှ ပဲငံပြာရည် ၃ စက်လောက်ထည့်ပြီး အရောင်ညီသွားအောင် နှံစပ်အောင်ဖွပေး ထားပါ ။ ဒါဆို ဆိုင်မှာရောင်းနေတဲ့အတိုင်း အရောင်လေးတွေနဲ့ကြာဇံ ခေါက်ဆွဲဖတ်လေးများရပါပြီ ။

5. ကြာဇံ၊ ခေါက်ဆွဲ၊ ညှက်
ခေါက်ဆွဲ၊ တို့ဟူး၊ ပဲပြား၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ပဲပင်ပေါက်၊ အာလူး၊ ရှောက်ရွက်၊ပဲမှုန့်၊ ဆီချက်၊ ငံပြာရည်၊ အချိုမှုန့်/ကြက်သားမှုန့်၊ ငရုတ်သီးမှုန့် နဲ့ အချဉ်ရည်နီ ထည့်ပြီးသုပ်ပါ။(အရည်ရွဲရွဲလေးမှ စားချင်ရင် သုပ်တဲ့အခါ မန်ကျီးအရည်ပါထည့်သုပ်ပါ ပဲမှုန့်ထည့်မသုပ်ရပါ။)

 

ဟင်းခါးချက်နည်း
        ဂေါ်ဖီ၊ မြင်းခွာ၊ ကြာရိုး၊ ဘူးသီး၊ ငပိ၊ ကြက်သွန်ဖြူထောင်း၊ ငရုတ်ကောင်းမှုန့်၊ ငါးငံပြာရည် ကြက်သားမှုန့် နဲ့ သီးနှံ ထည့်ပြီးချက်ပါ ။



တို့ဟူးကျိုနည်း
        ပဲစိမ်းမှုန့်နို့ဆီတစ်ဗူး ရေနို့ဆီသုံးဗူး၊ ဆား၊ ဆနွင်း၊ ထည့်ပြီး ပျစ်သည်အထိမွှေပြီး မီးအေးအေးဖြင့်ကျိုပေးပါ။
ပျစ်လာသည့်အခါအအေးခံကာ လိုအပ်သလိုလှီးဖြတ်ပြီး စားသုံးနိုင်ပါတယ်။ တို့ဟူးကျိုသည့်အခါမီးမပြင်းရပါ တူးတတ်လို့ပါ။

အချဉ်ရည်နီဖျော်နည်း


1. မန်ကျီးရည်၊ ထန်းလျက်၊ ဆား၊ ရေသန့်/ရေကျက်အေးတို့ကို ရောပြီး မန်ကျီးသီးပျော့အိနေသည်အထိ
ရအောင် ပြုတ်ပြီး မန်ကျီးအရည်စစ်ယူထားပါ။

2. ကော်မှုန့်ကို ရေအနည်းငယ်ထည့်ကာမွှေထားပါ။ ငရုတ်ဆီ၊ ရေ၊ မန်ကျီးအရည် ရောထည့်ပြီး မီးအေးအေးဖြင့် ဆက်တိုက်မွှေကာ ကြိုပေးပါ။ ပွက်ပွက်ဆူလာပြီဆို ကော်မှုန့်အရည်ထည့်ပြီး ၂မိနစ်ခန့် ဆက်မွှေပေးပြီးရင် အချဥ်ရည်အနီ ရပါပြီ ။

3. ထည့်ရမယ့်အချိန်အဆက ငရုတ်ဆီ ၃ဆ ရေ၁ဆ မန်ကျီးအရည်၂ဆပါ ။ ကော်မှုန့်ထည့်ရတာက အချဥ်ရည်
ပျစ်ပျစ်လေးဖြစ်အောင်လို့ပါ။ 


 

No comments:

Post a Comment

@templatesyard