အပ်မှိုချဉ်ငံစပ်သုပ်


ပါဝင်ပစ္စည်းများ

  • အပ်မှို တစ်ထုပ်
  • ခရမ်းချဉ်သီး
  • ထန်းလျက်ခဲ (အနေတော်လုံး)
  • မြေပဲ (မြေပဲများရင် အီပြီး စားမကောင်းပါ)
  • ငရုတ်သီးစိမ်
  • သံပုရာသီး တစ်လုံး
  • ပုစွန်ခြောက် အနည်းငယ်
  • ငံပြာရည်
  • အချိုမှုန့်


ပြင်ဆင်ပြုလုပ်နည်း

1. အပ်မှိုကို အမြစ်ဖြတ် ရေစင်စင်ဆေးပြီး ရေနွေးဖျောပါ (ရေနွေးအဆင်သင့်မရှိရင် ပြုတ်ပါ. ၅ မိနစ်)။

2. ပြုတ်ထားတုန်း မြေပဲ၊ ထန်းလျက်၊ ငရုတ်သီးစိမ်းတို့ကို ရောထောင်းထားပါ။

3. ညက်သွားရင် ခရမ်းချဉ်သီး လေးစိတ်လှီးထည့်ပြီး ခဏထောင်းပေးပါ။

4. ရေနွေးကြောင့် ပူနေတဲ့ အပ်မှိုလေးတွေကို ရေအေးခဏစိမ်ပေးပါ။ (သပ်သပ်မစိမ်ချင်လည်း အပူခံနိုင်ရင် ရေနွေးထဲကဆယ်ပါ၊ လှီးတဲ့အခါ မပူရအောင် ရေအေးစိမ်ခိုင်းခြင်းပါ)။

5. အပ်မှိုလေးများကို တစ်၀က်ဖြတ်ကာ အထက်ပါ ထောင်းထားသည်များနှင့်ရော ငံပြာရည်၊ အချိုမှုန့်၊သံပုရာရည်ညှစ်ပြီး သုပ်ကာ ပုစွန်ခြောက်လေးဖြူးပြီး စားသုံးနိုင်ပါပြီ။


 

No comments:

Post a Comment

@templatesyard