ကြက်ပေါင်းမြူစွမ်ချဉ်ငန်စပ်

 

 

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်ကြီးကြီး တစ်ခြမ်း
  • မြူစွပ် (၂)ခွေ
  • ငရုတ်သီးစိမ်း အနဲငယ် (စပ်တာလေး)
  • သံပုရာသီး(၃)လုံး
  • ကြက်သွန်ဖြူ (၅)မွှာ
  • ငံပြာရည်
  • ဗီနီဂါရည်
  • ဟင်းချိုမှုန့်အနဲငယ်
  • ပဲပင်ပေါက် အနဲငယ်
 

ပြုလုပ်နည်းအဆင့်ဆင့်

1. ကြက်ပေါင်ကြီးကြီးတခြမ်းကို အရိုးထုတ်,အရေခွံခွာပီး(ဆိုင်မှာလုပ်ခိုင်းလို့ရပါတယ်) ရေပြောင်အောင်ဆေး ဟင်းချိုမှုန့် နဲ့ ပဲငံပြာရည်အကျဲအနဲငယ်ထည့်ကာ သမအောင်နှယ်ပီး ရေကို(၂ရည်)ထည့်ပြီးနူးအိနေအောင် ပြုတ်ထားပေးပါ။

2. ငရုတ်သီးစိမ်းတွေကိုအရင်ကြိတ်ထားပါ၊ ပြီးရင် မကျေမညက်လေးထောင်းထားပေးပါ ကြက်သွန်ဖြူ ၅ မွှာထဲက ၃ မွှာကို မကျေမညက်လေးထောင်းထားပါ။ (၂ မွှာကိုတော့ ပါးပါးလေးတွေ လှီးထားပါ)။

3. သံပုရာသီး ၁လုံးကို အကွင်းကွင်း ပါးပါးလေးတွေလှီးထားပါ, ပဲပင်ပေါက်တွေကိုရေနွေးပွက်ပွက်ဆူထဲမှာ ပြုတ်ထားပေးပါ။


4. ငရုတ်သီးအချဉ်ရည်ဖျော်နည်း
1. ထောင်းထားတဲ့ ငရုတ်သီးတွေထည့်ပါ ဗီနီဂါရည်နဲ့ငံပြာရည်ဟင်းခတ်ဇွန်း(၁ဇွန်းဆီ)ထည့်ပါ ဟင်းချိုမှုန့် ကို လိုသလောက်ထည့်ပါ၊ သံပုရာသီး ၂လုံးကို အရည်ညှစ်ထည့်ပါ။

2. နောက်တော့ ကြက်သွန်ဖြူထောင်းထားတာတွေထည့်ပါ ရေနွေးဟင်းခတ်ဇွန်း၁ဇွန်းထည့်ပါ ပီးရင်ခုနက ပြုတ်ထားတဲ့ ပဲပင်ပေါက်တွေထည့်ပီး သမအောင်မွှေထားပါ။ ငရုတ်သီးအချဉ်ရည်ရပါပြီ။

5. မြူစွမ် ၂ ခွေကို ပြုတ်ထားပါ (၂မိနစ်ခန့်) အကြာကြီးမပြုတ်ရပါ။ ပျော့စိသွားတတ်သည်။

6. ကြက်သားပြုတ်ထားတဲ့ ဘေးမှာ မြူစွပ်တွေကို ထည့်ကာ ခုနကဖျော်ထားတဲ့အချဉ်ရည်တွေကို လောင်းထည့်ပါ။ (တနေရာထဲကိုမထည့်ဘဲ ဇွန်းလေးနဲ့ နေရာအနှံ့ သေချာလေးထည့်ပေးပါ)။

7. လှီးထားတဲ့ ကြက်သွန်ဖြူ နဲ့ သံပုရာသီးပါးပါးလေးတွေ ကို အပေါ်ကနေတင်ပါ။ အရသာရှိလှတဲ့ "ကြက်ပေါင်းမြူစွမ်ရှုးရှဲချဉ်ငန်စပ်" လေးကို နှယ်ပီးစားသုံးလို့ရပါပြီ။


 

No comments:

Post a Comment

@templatesyard