ပါဝင်ပစ္စည်းများ
- ကြက်ရင်ပုံ ၃၀ သား ( အရေပြား၊ အရိုးလွတ် )
- ကြွက်နားရွက်မှိုအစို
- ခရမ်းချဉ်သီး
- ပန်းငရုတ်ပွ
- သခွားသီး (အစေ့ဖယ်ထားပါ)
- မုန်လာဥနီ
- ကောက်ရိုးမှို
- ပြောင်းဖူးငယ်
- ဂျင်း ( ပါးပါးအရှည်လှီး )
- ကြက်သွန်နီ
- ကြက်သွန်ဖြူ ( ညက်ညက်ထောင်း )
- ပင်စိမ်း
- သံပုရာရည် - စားပွဲဇွန်း ၂ ဇွန်း
- မန်ကျည်းနှစ် - စားပွဲဇွန်း၂ ဇွန်းခွဲ
- ခရမ်းချဉ်သီးဆော့စ် - စားပွဲဇွန်း ၅ ဇွန်း
- ကော်မှုန့် - စားပွဲဇွန်း ၃ ဇွန်း
- ပဲငံပြာရည်အကျဲ - စားပွဲဇွန်း ၂ ဇွန်း
- ငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
- သကြား - စားပွဲဇွန်း ၃ ဇွန်းခွဲ
- ဆီ
- ဆား
- အသားမှုန့်
ချက်ပြုတ်နည်း
1. ကြက်သားကို သန့်စင်ပြီး ၁ လက်မပတ်လည် အရွယ်လေးတွေလှီးပြီးရင် ဆား၊အသားမှုန့်၊ ပဲငံပြာရည်အကျဲ တို့နဲ့နယ်ပြီး မိနစ် ၂၀ ခန့် နှပ်ထားပါ။
2. ကြွက်နားရွက်မှိုကို ရေစင်စင်ဆေးပြီး မထူမပါးလှီးပါ။ ခရမ်းချဉ်သီး၊
ပန်းငရုတ်ပွ၊ သခွားသီးတို့ကို အစေ့ များဖယ်ပြီး အရှည်လေးတွေလှီးပါ။
မုန်လာဥနီကို အခွံခွာပြီး မိမိနှစ်သက်သလိုလှီးပါ။ ကောက်ရိုးမှိုနဲ့
ပြောင်းဖူးငယ်ကိုလည်း အဝိုင်းလိုက်လှီးပါ။ ကြက်သွန်နီကို ၆ စိတ်လှီးပါ။
ပင်စိမ်းကို အရွက်များခြွေပါ။ ကော်မှုန့်ကို ရေပလတ်စတစ်ဆန်ချိန်ခွက် ၁
ခွက်ခွဲနဲ့ဖျော်ထားပါ။
3. ဟင်းချက်မည့်အိုးက ဆီပူရင် ကြက်သွန်ဖြူနဲ့
ချင်းကို ဆီသတ်ပါ။ နွမ်းရင် ကြက်သားထည့်ပြီး နူးဖို့အတွက်
ရေနွေးအနည်းငယ်ထည့်ပါ။ ကြက်သားရရင် မှို ၂ မျိုး၊ ပြောင်းဖူးငယ်၊
ပန်းငရုတ်ပွ၊ သခွားသီးနဲ့ မုန်လာဥနီနဲ့ ငံပြာရည်ထည့်ပြီး အဖုံးအုပ်ကာ
မိနစ်အနည်းငယ်ကြော်ပါ။
4. ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ သံပုရာရည်၊
မန်ကျည်းနှစ်၊ ခရမ်းချဉ်သီးဆော့စ်၊ သကြားထည့်ပြီး မိနစ်အနည်း ငယ်ကြော်ပါ။
ဟင်းရွက်များ မိမိစိတ်ကြိုက်အနေရရင် ကော်ရည်လောင်းထည့်ပါ။ ပွက်ပွက်ဆူရင်
အရသာလို အပ်ပါက ပြုပြင်ပြီး နောက်ဆုံးမှာ ပင်စိမ်းရွက်များကိုအုပ်လိုက်ပါ။
No comments:
Post a Comment