မရမ်းသီးငါးဘတ်ငပိချက်

 


ပါ၀င်ပစ္စည်းများ

  • ငါးဘတ်ငပိ
  • မရမ်းသီး
  • ခရမ်းချဉ်သီးမှည့်
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ဆနွန်းမှုန့်
  • အရောင်တင်မှုန့်
  • ဆီ


ပြုလုပ်နည်း

1. ငါးဘတ်ငပိလေးကို အရွယ်တော်တုံး၍ ရေနွေး ခဏစိမ်ထားပါ။ ပြီးလျှင် ရေသွန်၍ ရေစစ်ထားပါ။

2. ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီးမှည့်များကို ပါးပါးသေးသေးလှီး၍ ဆီသတ်ပါ။

3. ဆီသတ်ပြီလျှင် ရေစ်ထားသည့် ငါးဘတ်ငပိကို အိုးထဲသို့ ထည့်ပါ။ ပြီးလျှင် ဆီလည် ရေလည် ချက်ထားပါ။

4. ငါးဘတ်ငပိကျက်လို့ ချခါနီးမှာ မရမ်းသီးလေးများအုပ်၍  နူးလျှင် အရသာစိတ်ကြိုကပြင်ဆင်ပြီး ချဉ်ငံစပ် အရသာ မရမ်းသီး ငါးဘတ်ငပိချက် ရပါပြီ။


 

No comments:

Post a Comment

@templatesyard