ဝက်နံရိုးဘူးသီး

 


ပါဝင်ပစ္စည်းများ
  • ဝက်နံရိုး ၅၀သား
  • ဘူးသီး ၁စိတ်
  • ကြက်သွန်နီ ၂လုံး
  • ကြက်သွန်ဖြူ ၅မွှာ
  • ငရုတ်ပုထောင်း အနည်းငယ်
  • နံနံပင် ၃ပင်
  • ခရမ်းချဉ်သီး ၁လုံး
  • ဆား အနည်းငယ်
  • သကြား
  • ငရုတ်ကောင်း

 

ချက်ပြုတ်နည်း

        ဝက်နံရိုးကိုရေဆေး ဆား သကြားနှင့်နယ်ပြီး နှပ်ထားပါ။ ဘူးသီးကိုနွှာပြီး စိပ်ကာရေစိမ်ထားပါ။ဆီအနည်း ငယ်မှာနနွင်းထည့် ကြက်သွန်နီ ကြက်သွန်ဖြူကို ငရုတ်သီးနှင့် ဆီသတ်ပါ။ ဝက်နံရိုးထည့်ပါ။ နံရိုးမှ ရေကုန်သည်အထိ လုံးပါ။ ပြီးလျှင် ရေထည့်ပြီး နံရိုးနူးသည်အထိတည်ပါ။ နံရိုးနူးကာနီးလျှင် ဘူးသီး ခရမ်းချဉ် သီးထည့်ပါ။ ငရုတ်ကောင်းထည့်ပါ။ အရသာ ထည့်ပါ။ ချကာနီးလျှင် နံနံပင်အုပ်၍ချပါ။

ငပိထောင်း
        မျှင်ငပိကို မီးကင်ပါ။ကြက်သွန်ဖြူ ငရုတ်သီးစိမ်းတို့ကိုလဲကင်ပြီးထောင်းပါ။ ပုစွန်ခြောက်ထောင်းပါ။ငပိထည့်ပါ။ အရသာမှုန့်အနည်းငယ်ထည့်ပါ။အရသာစိတ်ကြိုက်ပြင်ပါ။ စားခါနီးမှသံပုရာသီးညှစ်စားပါ။


 

No comments:

Post a Comment

@templatesyard