ကြက်သားတရုတ်ချက်သောက်ဆမ်း

 

ပါဝင်ပစ္စည်းများ

  • ကြက်ခုတ်သား    - ၅၀သား
  • ကြွက်နားရွက်မှို    - ၅ခု
  • မုန်လာဥနီ    - ၃ လုံး
  • ကြက်သွန်ဖြူအတက်ကြီး    - ၁၀တက်ခန့်
  • ဂျင်း    - ၁တက်
  • ကြက်သွန်မြိတ်    - ၄ပင်
  • ရှာကော + ပါကောမှုန့်    - ၁ဇွန်း
  • ပဲငံပြာအကြည်ရည်    - ၂ ဇွန်း
  • ခရုဆီ    -  ဇွန်း
  • သကြား    - ၁ ဇွန်း
 
 

ချက်ပြုတ်နည်း

1. အရွယ်တော်ခုတ်ထားတဲ့ကြက်သားတွေကိုရေဆေးပြီးဆား ၊ငရုတ်ကောင်းမှုန့်အနည်းငယ်တို့နှင့်အရသာနှပ် ထားပါ။

2. ရေစိမ်ထားတဲ့ကြွက်နားရွက်မှိုမည်းတွကိုအညှာသင်ပြီးသင့်တော်သလိုခပ်ကြီးကြီးလှီးဖြတ်ပါ။ရေနွေးဆူဆူ မှာ (၅)မိနစ်ခန့်ပြုတ်ပြီးရေစစ်ထားပါ။

3. မုန်လာဥနီကိုအခွံခွါပြီးကြက်သားတုံးအရွယ်နီးနီးခပ်ကြမ်းကြမ်းလှီးဖြတ်ပါ။

4. ကြက်သွန်ဖြူ တွေကိုလည်းအခွံခွာပြီးရေဆေးထားပါ။ချင်းကိုထက်ခြမ်းခွဲပြီးပါးပါးလှီးပါ။

5. ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်(၂) ဇွန်းခန့်ကို အပူပေးပြီးမုန်လာဥနီနှင့် ကြက်သွန်ဖြူ တွေကိုဆီသတ်ပြီး စစ်ထားပါ။

6. ထိုဆီထဲမှာပဲ ချင်းပြားတွေကိုဆီသတ်ပါ။ မွှေးလာလျှင်ကြက်သားတွေထည့်ဆီသတ်ပါ။ တရုတ်မဆလာ (ရှောက်ကောပါကော)ထည့်ပြီးဆီသတ်ပါ။

7. ကြက်သားအပေါ်ယံကြောတွေတင်းလာပြီဆိုရင်ရေလေးအနည်းငယ်ထည့်ပြီးအဖုံးအုပ်ထားပါ။

8. ကြက်သားတွေရေခမ်းပြီးအနံ့မွှေး၊တစ်၀က်ကျက်လောက်အချိန်မှာ ကြော်ပြီးဆီစစ်ထားတဲ့မုန်လာဥနီနဲ့ ကြက်သွန်ဖြူ တွေထည့်ပါ။

9. ကြွက်နားရွက်မှိုတွေကိုလည်းထည့်ပေးပါ။

10. သကြား၊ဟင်းခတ်မှုန့်၊ ခရုဆီ၊ ပဲငံပြာရည်အကြည်၊ဆားတို့ဖြင့်အရသာဖြည့်စွက်ပါ။

11. အားလုံးဆတူနီးပါးနှုးလာလျှင်ကြက်သွန်မြိတ်လေးများအုပ်ပေးပါ။




No comments:

Post a Comment

@templatesyard