ဂျပန်တို့ဟူး ကြက်တောင်ပံတု

 

 
ပါဝင်ပစ္စည်းများ

  • ဂျပန်တို့ဟူး ၁ခု
  • ကြက်တောင်ပံ ၅ကျပ်သား
  • သီဟိုဠ်စေ့ အနည်းငယ်
  • တရုတ်နံနံ
  • ဆား
  • သကြား
  • နှမ်းဆီမွှေး
  • ပဲအကြည်ရည်
  • ပဲအနောက်ရည်

ပြုလုပ်နည်း

        ကြက်တောင်ပံတုများကို ရေစိမ်ထားပါ။ ပွလာလျှင် ရေဆေး ရေညှစ်ပြီ ဆားပဲအနောက်ရည်အနည်းငယ် နှင့်နယ်ထားပါ။ ဂျပန်တို့ဟူးကို အနည်းငယ်ကြော်၍ ဆယ်ထားပါ။ ကျန်သောဆီဖြင့် ကြက်သွန်ဖြူဆီသတ်ပါ။ပဲအကြည်ရည်ထည့်ပါ။ ကြက်တောင်ပံထည့်ပါ။ သကြား အနည်းငယ်ထည့်ပါ။ကြက်တောင်ပံပါသောရေခန်း လျှင် ရေအနည်းငယ်ထည့်၍အဖုံးအုပ်ထားပါ။ ရေခန်းကာနီးလျှင်ဂျပန်တို့ဟူးထည့်၍ဖြေးဖြေးမွှေပါ။ နှမ်းဆီ မွှေး၊ သီဟိုဠ်စေ့တရုတ်နံနံအုပ်၍ ချပါ။





No comments:

Post a Comment

@templatesyard