ခရမ်းချဉ်သီးပန်ထွေဖျော်

 


ပါဝင်ပစ္စည်းများ

  • ကိုင်းခရမ်းချဉ်သီး
  • ငရုတ်သီးစိမ်း
  • မျှင်ငပိ
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ဆား
  • အရသာမှုန့်
  • ငံပြာရည်
  • နံနံပင်


ပြုလုပ်နည်း

        ကိုင်းခရမ်းချဉ်သီးနဲ့ငရုတ်သီးကို ရေဆေးပြီး အိုးတလုံးထဲကို ရေ၊ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ဆားအရသာမှုန့်၊ငံပြာရည်၊မျှင်ငပိထည့်ပြီး ပြုတ်ပါ။ ရေကိုအများကြီးထည့်ဖို့ မလိုပါသောက်ရေခွက်တခွက်စာ
လောက်ဆိုရပါပြီ။ခရမ်းချည်သီးနူးရင်တော့ အအေးခံထားပါ။ အိုးထဲမှာ ပြုတ်ထားတဲ့အရည်ကျန်ရပါမယ်။ အေးသွားရင် ခရမ်းချဉ်သီးကို အခွံခွာပါ။ ခွာပြီးရင်စဉ့်တီတုံးသန့်သန့်အပေါ်မှာ ခရမ်းချဉ်သီးတွေကို စင်းပါ
ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ထောင်းပါ။ ထောင်းထားတဲ့အထဲကို ခရမ်းချည်သီးထည့်ထောင်းပါ။ပြုတ်ထားတဲ့အရည်တွေကိုထည့်ပါ။ နံနံပင်ညှပ်ထည့်ပါ။ ကြက်သွန်နီပါးပါးလှီးထည့်ပါ။ အရသာမြည်းပါ။လိုရင် ငံပြာရည်လေးထပ်ထည့်ပါ။ ထမင်းမြိန်တဲ့ ခရမ်းချဉ်သီးပန်ထွေဖျော်လေးရပါပြီ။

(လုပ်နည်းလေးတွေတော့ အနည်းငယ်ကွဲပြားနိုင်ပေမယ့်အညာလုပ်နည်းအတိုင်းမျှဝေလိုက်ပါတယ်)



No comments:

Post a Comment

@templatesyard