ဝက်သားဒညင်းသီးနှပ်



ပါဝင်ပစ္စည်းများ

  • ဝက်သားသုံးထပ်သား  (အနေတော်အရွယ်တုံးထားပါ)
  • တညင်းသီး – ၁၀ လုံး (ပြုတ်ပြီး အခွံနွှာထားပါ)
  • ပဲငံပြာရည် – စားပွဲဇွန်း ၂ ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သားမှုန့် – အနည်းငယ်
  • ဆီ – စားပွဲဇွန်း ၂ ၁/၂ ဇွန်း
  • သရက်သီးသနပ် – ၄-၅ ဖတ်
  • ရေ – ၇၀ဝ မီလီလီတာ
  • အနှစ်အတွက် ထောင်းရန် လိုအပ်တာတွေကတော့-
  • ကြက်သွန်နီ – ၁၃၀ ဂရမ် (၃ ဥ)
  • ချင်း – ၁၅ ဂရမ်
  • ငရုတ်သီးခြောက် – ၁၀ ဂရမ်


ပြုလုပ်နည်း

1. ဝက်သားကို ပဲငံပြာရည်၊ ဆား၊ သကြား၊ ကြက်သားမှုန့်တို့နှင့် နယ်ထားပါ။

2. ပြီးလျှင် ထောင်းထားတဲ့ ချင်း၊ ကြက်သွန်နှင့် ငရုတ်သီးကို ဆီသတ်ပါ။

3. အနံ့မွှေးလာသည်နှင့် ဝက်သားထည့်ပြီး ချက်ပါ။ သရက်သီးသနပ်ထည့်ပါ။

4. ပြီးလျှင် ရေထည့်၍ အဖုံးဖုံးပြီး ချက်ပါ။

5. ဝက်သားနူးခါနီးမှာ ပြုတ်ထားတဲ့ ဒညင်းသီးကို ထုပြီး ထည့်ပါ။

6. ဝက်သားနူးလျှင် အဆင်သင့်ဖြစ်ပါပြီ။



No comments:

Post a Comment

@templatesyard