ထိုင်းကြက်ကင်


 ပါဝင်ပစွည်းများ
  • ကြက်တကောင် 1ပိသာ
  • ကြက်သွန်ဖြူ ဥကြီးတလုံး
  • နံနံပင်အရိုး
  • ငရုတ်ကောင်းအဖြူ အစေ့နှစ်ဆယ်လောက်
  • ခရုဆီ ထမင်းစားဇွန်း လေးဇွန်း
  • ABC အနီရောင်ပဲဆီ ထမင်းစားဇွန်း 8ဇွန်း
  • ABC အစိမ်းရောင် ထမင်းစားဇွန်း 8ဇွန်း
  • သကြား ထမင်းစားဇွန်း 4ဇွန်း
  • ပျားရည် ထမင်းစားဇွန်း 4ဇွန်း


ပြုလုပ်နည်း

1. ကြက်ကိုရေစင်အောင်းဆေးပါ။လေးစိတ်ချမ်းပါ။ ကြက်သွန်ဖြူ ငရုတ်ကောင်းဖြူ နံနံပင်အမြစ်သုံးမျိူးကို စဉ်းပါ။

2. ဇလုံတလုံးထဲကို ခရုဆီ ABC နှစ်မျိူး သကြား ပျားရည် ထည့်မွှေပါ။ စဉ်းထားသော အစာထည့်ပါ။ စင်အောင် ဆေးထားသောကြက်သားကို ထည့်ပါ ။ကြက်သားထဲအရသာဝင်အောင်ဆုပ်နယ်ပေးပါ။ အရေပြား မပြဲပါစေနဲ့ ပြီးလျှင် 45 ခန့်နပ်ထားပါ။


3. ကင်လို့ရပါပြီ၊ ကင်တာကအမျိူးမျိူးကင်လို့ရပါတယ် ။ ကင်ရင်း ဆီနည်းနည်းသုတ်ပေးရပါတယ်။ ကင်စက် မရှိရင်တော့ မီးသွေးနဲ့လည်းရပါတယ်။မီးမပျင်းပါစေနဲ့။


 

No comments:

Post a Comment

@templatesyard