ကော်ရည်ခေါက်ဆွဲ


ပါဝင်ပစ္စည်းများ

  • ကြက်သား (ဝက်သားနဲ့လည်းရ)
  • ခေါက်ဆွဲ (ခေါက်ဆွဲအဆိုအခြောက်ကြိုက်ရာသုံးပါ)
  • ဘဲဥ
  • မှိုခြောက်
  • ပဲငံပြာရည်အကြည်
  • ခရုဆီ
  • ငရုတ်ကောင်း
  • ကန်ဇွန်း
  • ပဲပင်ပေါက်
  • ကြက်သွန်ကြော်
  • ကြက်သွန်မြိတ်
  • ပြောင်းကော်မှုန့်
  • ကြက်သားမှုန့်
  • ဆား
  • သကြား

 

ငပိထောင်းအတွက်ပါဝင်ပစ္စည်းများ

  • ငရုတ်သီးစိမ်း
  • ကြက်သွန်ဖြူ
  • ငပိ
  • ပုဇွန်ခြောက်
  • သံပုရာသီး

 

ချက်ပြုတ်နည်း

        ကြက်သားကို ရေစင်အောင်ဆေးပြီး ဆူအောင်တည်ပါ။ ထွက်လာတဲ့ အမြုပ်တွေကို ခပ်ထုပ်ပေး။ ကြက်သားနူးပြီဆိုတဲ့အနေရောက်ရင် ဆယ်လိုက်ပါ။ ကြက်ပြုတ်ရည်ကို မသွန်ပစ်ပါနဲ့။ မှိုခြောက်ကို သဲစင်အောင် ရေထဲ စိမ်ထားပါ။

        ခုဏက ကြက်ပြုတ်ရည်ထဲ ကို ပဲ ငံပြာရည် ခရု့ဆီ၊ ကြက်သားမှုန့်၊ သကြား ဆား တို့ကို ထည့်ပြီး ဆူအောင် ပြန်တည်မယ်။ ငရုပ်ကောင်းလေးအနည်းငယ်ပါထည့်ပါ။ မှိုခြောက်ထည့်ပါမယ်။ဆူလာပြီဆိုရင် ဘဲဥလေးတစ်လုံး ဖောက်ကာမွှေထည့်ပါ။ (အဖတ်လေးတွေရအောင်လို့ပါ။) ထပ်ပြီးဆူအောင်တည်ပါ။ဆူလာပီဆိုရင် အပေါ့အငံ မြည်းပါ။ လိုတာထပ်ထည့်ပြီး ဆူလာရင် မီးလေးခနပိတ်ကာ ကော်ရေထည့်ဖို့ စောင့်ပေးပါ။ ကော်မှုန့်အရမ်းများ ရင်ပျစ်ခဲသွားတတ်ပါတယ်။

        ဟင်းရည်ကိုအအေးခံထားနေတဲ့အချိန် နောက်ဒယ်အိုးတလုံးနဲ့ ကန်ဇွန်းရွက်၊  ပဲပင်ပေါက်၊  ခေါက်ဆွဲ တို့ကို ပြုတ် ထားပေးပါ။ ကြက်သွန်မြိတ်ဖြတ်ထားပါ။ သံပုရာသီးလှိးပါ။ ကြက်သားလေးတွေ နွှင်ထားပါ။ ကြက်သွန်ဖြူကြော် လေးကို မညှက်တညှက်ထုထားပါမယ်။ အရေနွေးနွေးလေးအချိန်မှာ ကော်မှုန့်ကိုအရည် ဖျော်ပြီးထည့်ပါမယ်။ ထည့်နေရင်းမွေပေးပါ။ ဒါတွေပြီးရင်ဟင်းရည် အိုးလေးကိုဆူအောင် ပြန်တည်ပါမယ်။ ကော်ရည်ခေါက်ဆွဲရဲ့ အသက်က ငပိထောင်းပါ။

 

ငပိထောင်းထောင်းပါမယ်

    ငရုပ်သိးစိမ်းကို ရေဆူမှာ ပြုတ်ပြီးပြန်လှော်ပေးပါ ကြက်သွန်ဖြူကိုလည်း မီးကင်ပါ။ ငပိကိုမိးဖုတ်ပါ။ ကြက်သွန် ဖြူကိုအရင်ညှက်အောင်ထောင်းပါမယ်။ ငရုပ်သီးစိမ်း၊ ငပိ၊ ပုဇွန်ခြောက်၊ အချိုမှုန့်ထည့်ကာ ညှက်အောင် ထောင်း ပါ။ (သံပုယာသီးညှစ်လိုက ညှစ်နိုင်ပါတယ်)

 
 

စားပွဲပြင်ဆင်နည်း

ခေါက်ဆွဲအရင်ထည့်မယ်။ ကန်ဇွန်းရွက်၊ ပဲပင်ပေါက်၊ ကြက်သား၊  အရည်ထည့်ပါ။ ငရုပ်ကောင်း၊ ကြက်သွန်ကြော်၊ ကြက်သွန်မြိတ်ထည့်ကာ သုံးဆောင်နိုင်ပါပြီ။


 

 

No comments:

Post a Comment

@templatesyard