ဝက်သားချဉ်စပ်မြေအိုးဟင်း

 

 ပါဝင်ပစ္စည်းများ

  •  ဝက်သား (အသား/၃ထပ်သား)
  •  ခရမ်းချဉ်သီး
  •  ပန်းငရုတ်ပွစိမ်း
  •  စပါးလင်
  •  ကြက်သွန်နီ
  •  ကြက်သွန်ဖြူ
  •  ငရုတ်သီး
  •  ငရုတ်ချဉ်
  •  ခရုဆီ
  •  သကြား
  •  ငရုတ်ကောင်း
  •  ကော်မှုန်
  •  ကြက်သားမှုန့်

 

ချက်ပြုတ်နည်း

1. ပထမဦးဆုံး ဝက်သားကို ပါးပါးလှီးပြီး ကော်မှုန့်၊ ကြက် သားမှုန့်၊ ငရုတ်ကောင်း နှင့် သင့်တင့်သလို နယ်ထားပါ။

2. ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။ ကြက်သွန်နီ ကိုတော့ လေးစိတ်၊ ခရမ်းချဉ်သီးကို ရှစ်စိတ်၊ ပန်းငရုတ် ပွကို ရှစ်စိတ်စိတ်ထားပါ။

3. ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲဇွန်း ၁ ဇွန်း၊ ကြက်သွန်ဖြူနှင့် စပါးလင်ကို ဆီသတ်ပါ။

4. အနံ့များ မွှေးလာပြီဆိုရင်တော့ ဝက်သားကို ထည့်ပြီး ဆီသတ်ပါ။ ဝက်သား အပေါ်ယံကျောများ လုံးသွားပြီး၊ တင်းသွားပြီဆိုရင်တော့ ငရုတ်သီးနီနှင့် စိမ်းကို ပါးပါးလှီးထည့်ပါ။ ကြက်သွန်နီ၊ ခရမ်းချဉ်သီးနဲ့ ပန်းငရုတ်ပွစိမ်း ထည့်ပါ။

5. အရသာများဖြစ်တဲ့ ငရုတ်ချဉ်၊ ခရုဆီ၊ သကြား၊ ငရုတ်ကောင်းထည့်ပြီး မွှေပါ။ လိုအပ်ပါက ရေအနည်းငယ် ထည့်ပေးပါ။

6. အရသာမှာ ချဉ်စပ်ချို အရသာရပြီဆိုရင်တော့ မြေအိုးထဲထည့်ပြီး အပူပေးပါ။

7. မြေအိုးပူလာပြီး ဟင်းများပွက်ပွက်ဆူပြီး အငွေ့ထွက်လာပြီဆိုရင်တော့ ငရုတ်ကောင်း၊ တရုတ်နံနံများ ဖြူးကာ သုံးဆောင်နိုင်ပါပြီ။


 

No comments:

Post a Comment

@templatesyard