ဝဥချိုချဉ်

 


ပါဝင်ပစ္စည်းများ

  • ဝဥ ၃၀သား
  • ခရမ်းချဉ် ၁လုံး
  • ကြက်သွန်ဖြူ ၃မွှာ
  • ခရမ်းချဉ်သီးဆောစ့် ၂ဇွန်း
  • ဆား ၁ဇွန်းတဝက်
  • သကြား အနည်းငယ်
  • ပဲအကြည် ၂ဇွန်း
  • နံနံပင်
 

ချက်ပြုတ်နည်း

        ဝဥကို ရေဆူဆူတွင် ခဏပြုတ်ပါ။ ပြီးလျှင်ဆယ်ပြီးရေစစ်ထားပါ။ စိတ်ကြိုက်အတုံးလှီး၍ ဆား သကြားနှင့်နယ်ထားပါ။ ဆီပူပူမှာ ၅မိနစ်ခန့်ကြော်ပြီးဆယ်ထားပါ။ ကျန်သောဆီ ဖြင့် ကြက်သွန်ဖြူ ဓားပြားရိုက် ထည့်ပါ။ ငရုတ်ပုထောင်း နဲနဲထည့်ပါ။ ခရမ်းချဉ်သီး နုတ်နုတ်စင်းထည့်ပါကြေလျှင် ဝဥထည့် ရေထည့်၍ ပဲအကြည်ရည်ထည့်ကာ တည် ထားပါ။ ရေအနည်းငယ် ခန်းလျှင် ဆောစ့်ထည့်ပါ။ နံနံပင် အုပ်၍ ရပါပြီ။


 

No comments:

Post a Comment

@templatesyard