အာလူးချိုစပ်ကြော်

 

ပါဝင်ပစ္စည်းများ

  • အာလူး - ၅ လုံး(အတုံးသေးသေးလှီး)
  • ကြက်သွန်ဖြူ - ၃ မွှာ ( နုတ်နုတ်စဉ်း)
  • ငရုတ်သီးပု/အနီတောင့် - ၅ တောင့်
  • ပျားရည် - စားပွဲတင်ဇွန်း ၁ စွန်း
  • ငံပြာရည် - စားပွဲတင်ဇွန်း ၂ စွန်း
  • ဆား - အနည်းငယ် 
  • နှမ်း - အနည်းငယ် 
  • နံနံပင် - အနည်းငယ် 
  • ဆီ - အနည်းငယ်


ကြော်နည်း

1. အရင်ဆုံး ငရုတ်သီးပု/အနီတောင့်ကို အစေ့ထုတ်ပြီး ရေစင်အောင်ဆေးပါ။ ပြီးရင် ဆုံထဲထည့်ပြီး ညက်အောင်ထောင်းပါ။

2. ဇလုံတစ်ခုထဲသို. အာလူး၊ ဆားနှင့် ထောင်းထားတဲ့ငရုတ်သီးထည့်ပြီး သမအောင်နယ်ထားပေးပါ။

3. ဒယ်ထဲ ဆီထည့်ပြီး ဆီပူလာရင် ကြက်သွန်ဖြူဆီသတ်ပါ။ ပြီးရင် နယ်ထားတဲ့ အာလူးထည့်ပြီး ကြော်ပေးပါ။

4. အရသာအတွက် ငံပြာရည်ထည့်ပြီး အာလူးများ နူးအောင်ကြော်ပေးပါ။ အာလူးများနူးပြီဆိုရင် ပျားရည် ၁ စွန်းထည့်ပြီး သမအောင်မွှေပေးပါ။ပြီးမှ နှမ်းအနည်းငယ် ဖြူးထည့်ပြီး မွှေပေးပါ။ နံနံပင်ထည့်ပါ။

5. အရသာချိုစပ်စပ်ရှိတဲ့ အာလူးကြော်ကို ထမင်းပူပူလေးနဲ့သုံးဆောင်နိုင်ပါပြီ။



No comments:

Post a Comment

@templatesyard