မှိုကန်စွန်းအစိမ်းကြော်

 

ပါဝင်ပစ္စည်းများ

  • ကောက်ရိုးမှို................၁၀ကျပ်သား
  • ကန်စွန်းရွက်................၂စည်း
  • ကြက်သွန်ဖြူ................ ၃တက်
  • ကြက်သွန်နီ.................၁ခြမ်း
  • ငရုတ်တောင့်နီ..............၂တောင့်


ပြင်ဆင်ချက်ပြုတ်နည်း

1. ကောက်ရိုးမှိုတွေကိုသန့်စင်ပြီးရေဆေးပါ။

2. ရေဆေးပြီးမှ ထက်ခြမ်း(သို့) လေးစိတ်ခြမ်းပါ။ထက်ခြမ်းခွဲပြီးမှရေဆေးခြင်းကိုရှောင်ကြဉ်ပါ။

3. ကန်စွန်းရွက်တွေကိုအရိုး၊အရွက်ခွဲပြီးခြွေပါ။

4. ရေဆေးသန့်စင်ပြီးလျှင်အရိုးတွေကိုဓားပြားရိုက်ပြီးလှီးဖြတ်ပါ။

5. ကြက်သွန်နီကိုရှစ်စိတ်လှီးပြီးကြက်သွန်ဖြူ ကိုဓားပြားရိုက်ထားပါ။

6. ငရုတ်သီးစိမ်းနီကိုထက်ခြမ်းခွဲထားပါ။

7. ဒယ်အိုးတစ်လုံးကိုဆီပါသည်ဆိုရုံလေးနှင့်အပူပေးပြီးမှိုတွေထည့်ပြီးလှိမ့်ကာပြန်ဆယ်ထားပါ။

8. ဆီကိုနောက်တစ်ကြိမ်ပြန်အပူပေးပြီးဆားအနည်းငယ်ကိုဦးစွာထည့်ပါ(ကန်စွန်းရွက်များမမည်းစေရန်)။

9. ကြက်သွန်နီ၊ ဖြူ ၊ ငရုတ်သီးစိမ်းတို့ကိုဆီသတ်ပါ။

10. ကန်စွန်းရွက်တွေထည့်ကြော်ပါ။

11. ဆား၊သကြား၊ဟင်းခတ်မှုန့်၊ ခရုဆီတို့ဖြင့်အရသာ    ဖြည့်စွက်ပါ။

12. လှိမ့်ထားတဲ့မှိုတွေထည့်ပြီးသမအောင်မွှေပေးပါ။

မှတ်ချက်။ ကန်စွန်းရွက်စကြော်သည့်အချိန်မှစတင်ပြီး(၅)မိနစ်အတွင်းအမြန်ကြော်ရန်ဖြစ်ပါသည်။



No comments:

Post a Comment

@templatesyard