ဝက်သားနှင့်မုန်ညှင်းစိမ်းဖူးစော

 


ပါဝင်ပစ္စည်းများ

  • ဝက်သား.......................၂၅ကျပ်သား
  • မုန်ညှင်းဖူးအစိမ်း............၂စည်း
  • ချင်းသေးသေး.................၁တက်
  • ကြက်သွန်နီကြီးကြီး..........၁လုံး
  • ကြက်သွန်ဖြူ................... ၅တက်
  • ခရမ်းချဥ်သီးမှည့်မှည့်......၃လုံး
  • ချဥ်စော်ခါးသီးခြောက်၊မန်ကျည်းမှည့်

ပြင်ဆင်ချက်ပြုတ်နည်း

1. ပထမဆုံးဝက်သားကို ၁လက်မအရွယ်တုံးပြီးထောင်းထားသောချင်းအရည်၊ဆား၊အရသာမှုန့်၊ပဲငံပြာရည်အပျစ်တို့ဖြင့်အရသာနယ်ပြီး ၁၀မိနစ်ခန့်အရသာနှပ်ထားပါ။
2. မုန်ညှင်းစိမ်းဖူးတွေကိုသင့်တော်သလိုခြွေသင်ပြီးရေဆေး၊စစ်ထားပါ။
3. ဝက်သားကိုအိုးတစ်လုံးထဲထည့်ပြီးကြက်သွန်နီပါးပါးလှီးထည့်၊ဆီအနည်းငယ်နှင့်အတူလုံးချက်ချက်ပါ။
4. မုန်ညှင်းစိမ်းဖူးတွေကိုနောက်အိုးတလုံးမှာထည့်ပြီးခရမ်းချဥ်သီးပါးပါးလှီး၊ကြက်သွန်ဖြူထောင်းနဲ့အတူ အဖုံးပိတ်ပြီးလုံးပါ။
5. ဝက်သားတွေတဝက်ကျက်လောက်အနေအထား၊မုန်ညှင်းစိမ်းဖူးတွေလဲလုံးတာ ဝါပြီးအိလာရင် ထိုနှစ်မျိုးကိုရောပါ။
6. ဆား၊ကြံသကာ၊အရသာမှုန့်အနည်းငယ်ထည့်ပါ။ကြံသကာမရှိပါကသကြားသုံးပါ။ ငါး/ပုစွန်ငံပြာရည်လုံး ဝမသုံးရပါ။)
7. မန်ကျည်းမှည့်ရည် သို့ ချဥ်စော်ခါးသီးခြောက်အရည်ကို လိုအပ်သလိုထည့်ပါ (အချဥ်ဓာတ်မလွန်ကဲစေရန်သတိပြုပါ)
8. မီးရှိန်အေးအေးဖြင့်အဖုံးပိတ်ချက်ပါ။ ရေကိုလိုအပ်မှအနည်းငယ်ချင်းစီဖြည့်စွက်ပေးပါ။
9. ဝက်သားသတ္တုဓာတ်တွေကိုမုန်ညှင်းကစုပ်ယူ၊မုန်ညှင်းရဲ့သတ္တုဓာတ်တွေကိုဝက်သားကစုပ်ယူပြီးဆ တူအိပျော်တဲ့ အစော( အချဥ်ဟင်းရည်)တမျိုးဖြစ်လာပါမယ်။

10. သူရဲ့အကောင်းဆုံးအတွဲအစပ်ကတော့ ပဲပုတ်၊ဂျုးမြစ်ထောင်းစပ်စပ်လေးဖြစ်ပါတယ်။ တခြားငရုတ်သီးဆားထောင်း၊ပုစွန်ခြောက်ငါးပိကြော်တို့နှင့်လဲတွဲဖက်နိုင်ပါတယ်။



No comments:

Post a Comment

@templatesyard