ဝက်ခြေထောက်မီးတောက်


 
ပါဝင်ပစ္စည်းများ
  • ဝက်ခြေထောက်
  • ကြက်သွန်နီ/ဖြူ
  • ငရုတ်သီးစိမ်း
  • ပဲငံပြာရည်အကြည်
  • ဟင်းခတ်မှုန့်(အစုံပါထုပ်/ဗူး)
  • နံနံပင်
  • ကြက်သွန်မိတ်
  • ဆား၊ ကြက်သားမှုန့်(အရသာမှုန့်)
  • သံပုယာသီး
 
 
ချက်ပြုတ်ပုံ

1. ဝက်ခြေထောက်ကိုရေပြောင်စင်အောင် ဆေးပီးသန့်စင်ထားပါ။
 
2. နံနံပင်၊ ကြက်သွန်မိတ်၊ ငရုပ်သီးစိမ်း၊ ကြက်သွန်ဖြူတောက်တောက်စင်းထားပါ။ သံပုရာသီးလှီးထားပါ။
 
3. ကြက်သွန်ဖြူ၊ ဂျင်း‌တို့ကို တောက်တောက်စင်းပြီး ဆီသပ်ပါ။
 
4. မွှေးလာပြီဆိုရင် သန့်စင်ထားတဲ့ဝက်ခြေထောက်များကိုထည့် ဆား၊ အရသာမူန့်၊(အရောင်တင်ဆနွင်း မထည့်) ပဲငံပြာရည်အကြည်ရည်အနည်းငယ်ထည့်ပြီးသမအောင်မွှေပေးပါ။
 
5. ဝက်ခြေထောက်များအကြောတင်းတင်းလေးဖြစ်သွားလျှင်ရေထည့်ပြီးနူးအိသွားအောင်ထိချက်ပါ။ အနူးမြန် ချင်ရင်‌ပါကရှူးရှုးပေါင်းအိုး(Pressure Cooker)ထဲထည့်ချက်ပါ။
 
6. ဝက်ခြေထောက်နူးပြီးကျက်ပြီဆိုပါက ပုဂံထည့်ပြီး တောက်တောက်စင်းထားသည့် နံနံပင်၊ ကြက်သွန်မိတ်၊ ငရုပ်သီးစိမ်း၊ ကြက်သွန်ဖြူတို့ကို ဟင်းရည်ပူပူဖြင့်ဖြော အပေါ်မှလှောင်း၊ သံပုရာသီးညှစ်ကာ သုံးဆောင်နိုင် ပါပြီ။
 

 

No comments:

Post a Comment

@templatesyard