ပုဇွန်အစိမ်းချဉ်ငံ့စပ်သုပ်
ချဉ်ငံ့စပ် ပုဇွန် အစိမ်းသုပ်ပါ။ ပုဇွန်က အစိမ်းသုပ်ဖို့ လတ်ဆတ်တဲ့ ပုဇွန် ဖြစ်ဖို့တော့ လိုပါတယ်။ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင် တို့ဖြင့် ရောသုပ်ထားတာပါ။ ခုပဲ သုပ်စားရအောင်…
ပါဝင်ပစ္စည်းများ
- ပုဇွန်ကျား – ၂၀၀ ဂရမ် (အမှီချန်ပြီ အခွံနွှာပေးပါ)
- ကြက်သွန်ဖြူ – စားပွဲတင်ဇွန်း ၂ဇွန်းစာ (နှုတ်နှုတ်စဉ်းပါ)
- ငရုတ်သီးနီ – ၄-၆ခု (ပါးပါးလှီးပါ)
- နံနံပင် – စားပွဲတင်ဇွန်း ၂ဇွန်းစာ (နှုတ်နှုတ်စဉ်းပါ)
- ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၃ဇွန်း
- သကြား – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
- ဗီနီကာ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
ဆော့ရည် ပြုလုပ်နည်း
- ဆော့ရည်ပြုလုပ်ရန် ခွက်တစ်ခုထဲ သကြားကို ရေနွေး(စားပွဲတင်ဇွန်း ၂ဇွန်း)ဖြင့် သကြား အရည်ပျော်အောင် မွှေလိုက်ပါ။
- နောက် ခွက်ထဲ ကြက်သွန်ဖြူ၊ ငရုတ်သီးနီ၊ နံနံပင်၊ ပဲငံပြာရည်၊ ဗီနီကာ၊ သကြားရည်တို့ဖြင့် သမအောင် ရောမွှေလိုက်ပါ။
သုပ်နည်း
- အရင်ဆုံး ပုဇွန်ကျားကို ဓားဖြင့် ကျောခွဲပြီ ချေးထုတ်ပေးပါ။
- ပုဇွန်ကျားများကို ပန်းကန်ပေါ်သို့ တင်ပြီ အပေါ်မှ ဆော့ရည်များကို ဆမ်းလိုက်ပါ။
- ပြီးလျှင် အပေါ်မှ သံပရာရည်များ ညှစ်ကာ ပုဇွန်အစိမ်းသုပ်ကို အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…
No comments:
Post a Comment