ငချိပ်ပေါက်စီလုပ်နည်း


ပါဝင်ပစ္စည်းများ (၈ လုံးစာ)

  • အုန်းနို့                                                            – 1/4 cup (60 ml)
  • ဆီ                                                                 – ထမင်းစားဇွန်း ၁ ဇွန်း
  • ရေပူ                                                              – ထမင်းစားဇွန်း ၂ ဇွန်း
  • ဂျုံမှုန့် (plain flour, all purpose flour)            – 1 cup (250 ml)
  • ကောက်ညှင်း ငချိတ်မှုန့် (black glutinous rice flour) – 1/2 cup (125 ml)
  • သကြား                                                         – ထမင်းစားဇွန်း ၃ ဇွန်း
  • ဆား                                                              – လက်ဖက်ရည်ဇွန်း ၆ ပုံ ၁ ပုံခန့်
  • dry yeast                                                       – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • အုန်းယို                                                          – ထမင်းစားဇွန်း ၈ ဇွန်းခန့်

ပြုလုပ်နည်း

  1. အုန်းနို့ နှင့် ဆီကို ခပ်နွေးနွေးအနေအထားရအောင် ရေပူဖြင့် ဖျော်ထားပါ။
  2. ဂျုံမှုန့်၊ ငချိတ်မှုန့်၊ သကြား၊ ဆား နှင့် dry yeast တို့ကို ဇလုံထဲထည့်ပြီး နှံ့သွားအောင်ရောနှောထားပါ။
  3. အမှုန့်အရောအနှောထဲ ဖျော်ထားသည့် ခပ်နွေးနွေး အုန်းနို့အရည် လောင်းထည့်၍ ဇွန်းဖြင့် ၁၀ ချက်ခန့် မွှေရောပေး ပါ။
  4. ပြီးနောက် dough သားနူးညံ့အောင် kneading (ဖိနယ်ဆုပ်နယ်ခြင်း၊ လက်ဖနောင့်ဖြင့်ဖိခြင်းများ) ၁၀ မိနစ်ခန့် လုပ်ပေးပါ။
  5. dough သားနူးညံ့သွားလျှင် လုံးလုံးလေးဖြစ်အောင်လုပ်၍ ဆီအနည်းငယ်သုတ်ပြီး ပန်းကန် (သို့) glad wrap ဖြင့် ဖုံးကာ ပွလာအောင် နွေးသောနေရာတွင် ၁ နာရီခန့် ထားပါ။
  6. (နွေးသောနေရာထားခြင်းဆိုသည်မှာ dough ထည့်ထားသည့်ဇလုံကို ရေနွေးထည့်ထား (ရေပူမဟုတ်)သော နောက်ထပ် ဇလုံကြီးကြီးထဲ ထည့်ထားခြင်း (သို့) အငွေ့မထွက်လွယ်သော microwave ထဲ ရေပူထည့်ထားသော ခွက်နှင့် အတူတွဲထည့်၍ တံခါးပိတ်ထားခြင်းများကို ဆိုလိုပါတယ်။)
  7. ပွလာပြီးနောက် ၁ မိနစ်ခန့် ပြန်ဖိနယ်ကာ ပေါက်စီ ၈ လုံးစာအတွက် ၈ ပိုင်းခွဲ၍…
  8. အလုံးလေးများဖြစ်အောင် လုံးပေးပါ။ ညီညာသောမျက်နှာပြင်ရစေရန် ဦးစွာ လက်ဖြင့် ၁၀ ချက်ခန့် ဖိဆုပ်နယ်ပြီးမှ လုံးပေးပါ။
  9. rolling pan (သို့) ပုလင်းဖြင့် အချင်း ၃ လက်မခွဲခန့် အဝိုင်းပြားလေးရအောင်လုပ်ပါ။(သို့) လက်ဖြင့် ဖိပြားပေးပါ။
  10. ပြားပြီးလျှင် လုံးထားသော အုန်းယို (ထမင်းစားဇွန်း ၁ ဇွန်းခန့်) ထည့်၍ လုံအောင်ဖုံးကာ ပြန်လုံးပါ။
  11. ပေါင်းအိုးထဲရှိ paper towel (သို့) baking liner ပေါ် ပြောင်းပြန်မှောက်ပြီး ထားပါ။ (ပေါင်းလိုက်လျှင်ပွလာမည်ဖြစ်၍ တစ်လုံး နှင့် တစ်လုံး ကပ်ပြီးမထည့်ရပါ။။)
  12. ပြီးနောက် အဖုံးဖုံးကာ အနည်းငယ်ပွလာအောင် မိနစ် ၃၀ ခန့် ထပ်ထားပြီးလျှင်…
  13. ပွက်ပွက်ဆူနေသော ရေပူအိုးပေါ်တင်၍ over medium heat ဖြင့် ၁၅ မိနစ်ခန့် ပေါင်းပေးပါ။ (ပေါက်စီများပေါ် အငွေ့ပြန်သည့် အရည်များ မကျအောင် အဖုံးကို သန့်ပြန့်သော လက်သုတ်ပဝါဖြင့် ပတ်ထားပေးပါ။)


                        ငချိပ် ပေါက်စီပူပူလေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။



No comments:

Post a Comment

@templatesyard