ဖက်ထုပ်ဟင်းရည်


ပါဝင်ပစ္စည်း

  • ကြက်ရင်ပုံ အသား ခပ်သေးသေး၂ခု (နုတ်နုတ်စဉ်းထား)
  • ကွကျဥအကာ ၁ ခု
  • ကျူဆိုင် လက်တစ်ဆုပ်စာခန့် (သေးသေးလှီးထားပါ)
  • တို့ဟူးအဖြူ တစ်တုံး
  • ဆန်ဝိုင် လက်ဖက်ရည် ၂ ဇွန်း
  • ကော်မှုန့် လက်ဖက်ရည် ၁ ဇွန်း
  • ဆား လက်ဖက်ရည် ၁ ဇွန်း
  • အချိုမှုန့်အနည်းငယ်
  • သကြားအနည်းငယ်
  • ငရုပ်ကောင်းအနည်းငယ်
  • နှမ်းဆီ လက်ဖက်ရည် ၂ ဇွန်း
တို့ဟူးကိုရေခြောက်အောင်သုတ်ပြီး မိုက်ခရိုဝေ့ဖ်မှာ ၁ မိနစ်လောက်ထည့်ပေးပါ။ အေးသွားပြီဆိုမှ ကျန်တဲ့ ပစ္စည်းတွေအားလုံးနဲ့ရောနယ်ပေးပါ။ ပြီးရင် ဖက်ထုပ်ဖက်ကို သုံးပြီး လိုချင်တဲ့ ပုံစံလေးထုပ်ထားလိုက်ပါ။ ပြီးသွားပြီဆိုရင် ရေခဲသေတ္တာထဲမှ ၁ နာရီလောက်အရင်ထားပြီးမှ လိုသလိုချက်စားနိုင်ပါတယ်။

ဖက်ထုပ်အိုးကပ်အတွက် ဖက်ထုပ်လေးတွေကို ဆီပါလေကာမျှနဲ့ ခဏကြော်ပေးပါ။ ၂ မိနစ်လောက်နေရင် ရေလက်တစ်ဆစ်နီးပါးလောက်ထည့်ပြီး အဖုံးအုပ်ကာ ရေခန်းတဲ့အထိ တည်ပါ။ ဒါဆိုရင်တော့ ဖက်ထုပ်အိုးကပ်ရပါပြီ။

ကျန်သေးတဲ့ ဖက်ထုပ်တချို့ကိုတော့ ကျွန်မကညနေစာဟင်းရည်လုပ်သောက်ပါတယ်။ဖက်ထုပ်ဟင်းချို အတွက် မုန်ညှင်း နဲ့ ခရမ်းချဉ်သီးကိုပါ ထပ်ဖြည့်ပေးထားပါတယ်။ ရေ တရုပ်ဟင်းချိုပန်းကန် ၂ လုံးလောက်မှာ Knorr ကြက်သားခဲကိုထည့်ပြီး ဆူစေပါတယ်။ ဆူလာရင် ဖက်ထုပ်လေးတွေထည့်ပြီး ၁ မိနစ်လောက်တည် ပါတယ်။ နောက် ကျန်တဲ့ အသီးအရွက်တွေပါထည့်ပြီး ၃ မိနစ်လောက်တည်လောက်ရင်တော့ အရသာရှိတဲ့ ဖက်ထုပ်ဟင်းချိုလေးရပါပြီ။ ငရုပ်ကောင်းလေး ခပ်လိုက်ရင် အင်မတန်မှ သောက်လို့ကောင်းပါတယ်။





No comments:

Post a Comment

@templatesyard