ကိုးရီးယားတို့ဟူးနှင့်ကင်ချီဟင်းရည်


ကိုးရီးယား ရိုးရာဟင်းရည် တွေထဲ မှာ ကိုးရီးယားတို့ဟူး ကင်ချီ ဟင်းရည် ဟာ ကိုးရီးယားလူ မျိုးတွေတင် မကပါ လူတိုင်းနီးပါးကြိုက်နှစ်သက်ကြပါတယ်။

ပါဝင်ပစ္စည်း

  • တို့ဟူး ၂ တုံး (ခတ်ကြီးကြီးလေးတုံးပါ)
  • ကြက်သား ၃၀ သား ( အတုံးသေးလေးတုံးပါ)
  • ကြက် (သို့) ဝက်အူချောင်း ၈ ချောင်း (တစောင်းလေး လက်တဆစ်ဆာတုံးပါ)
  • ကိုးရီးယား ပဲပိစပ် ၈ ဇွန်း စားပွဲဇွန်း
  • ကိုးရီးယား ငရုတ်သီးနှစ် ၃ ဇွန်း စားပွဲဇွန်း
  • ဆား တစ်ဝက် ဇွန်း လက်ဖက်ဇွန်း
  • ကိုးရီးယားအသားမှုန့် ၁ ဇွန်း ခွဲ (ကြက်သားမှုန့် လဲသုံးလို့ရပါတယ်)
  • Bok Choy ၄ စီး (ခေါင်းဖြတ် ပြီး အပင်လိုက်ထားပါ)
  • ကိုးရီးယားငံပြာရည် ၂ ဇွန်း လက်ဖက်ဇွန်း
  • Chrysanthemum ၁ စီး ( ကိုးရီးယား နံနံပင်)
  • Zucchini အစိမ်း ၁ လုံး (Market Place မှာဝယ်ယူလို့ရပါတယ်)
  • ကြက်သွန်မြိတ် ၃ ချောင်း (အပင်ကို သုံးပိုင်းပဲ ပိုင်းပါ)
  • ရွှေအပ်မှို ၁ ထုပ် (Enokitake Mushroom) အမြစ်လှီးထုပ်ပြီး အချောင်းလိုက်ထည့်ပါ
  • ကင်ချီ ၃ တောင့် ( ရှည်ရှည်လေးလှီးပါ)
  • ကြက်ပြုတ်ရည် ၂ လီတာ ခွဲလောက် (ကြက်ရိုး ပြုတ်ထားသောအရည်)

ချက်ပြုတ်နည်း

  1. အိုးကြီး ထဲသို့ ကြက်ပြုတ်ရည်နှင့်အတူ ကြက်သား၊ ကြက်အူချောင်း ထဲ့ပြီး ဆူအောင် တည်ပါ။
  2. ကြက်သား နူးလာလျှင် ကိုးရီးယား ပဲပိစပ်၊ ကိုးရီးယား ငရုတ်သီးနှစ်၊ ကိုးရီးယားအသားမှုန့်၊ ကိုးရီးယား ငံပြာရည် နှင့် ဆား တို့ ကို ထဲ့မွှေပါ ဆူတဲ့ အထိပါ။
  3. ကြက်သား ကြက်ခန်းနီး မှ Bok Choy၊ ရွှေအပ်မှို၊ Zucchini နှင့် Chrysanthemum၊ အသီးအရွက် တွေထည့်ပြီး ဆူအောင်တည်ပါ။ အသီးအရွက်တွေနွမ်းသွားလျှင် ဆားမြည်းကြည့်ပါ။ ပေါ့လျှင် ကိုးရီးယား ပဲပိစပ် နှင့် ကိုးရီးယားငံပြာရည် သာ အဓိက ထားပြီး ထပ်ထည့်ပါ။
  4. နောက်ဆုံး ကြမှ တို့ဟူး နဲ့ ကြက်သွန်မြိတ် ကို ထည့် ပေး ပါ။ အရည် ပြစ်တာ မကြိုက် လျှင် ကြက်ပြုတ်ရည် ထပ်ထည့်လို့ရပါတယ်။ ဆူလျှင် စားလို့ရပါပြီး။ ကိုးရီးယား ဟင်းရည် ပူပူ လေး နဲ့ ကင်ချီ ၊ ကိုးရီးယား ထမင်း နဲ့ ဆို သိပ် ကိုလိုက် ဖက်ပါတယ်။ ကိုးရီးယား ပုကန်လုံး၊ တူ ဇွန်း များ နဲ့သာ စားသုံးမယ် ဆိုရင် ကိုးရီးယား ရောက်နေ သလို ခံစားရမှ အသေအချာပါ။


No comments:

Post a Comment

@templatesyard