ဝက်သားမန်ကျည်းရွက်စပ်ချက် ‌


ဟင်းရဲ့မန်ကျည်းရွက်အနှစ်လေးနဲ့၀က်သားကိုလုံးချက်ချက်တာမို့ချက်နည်းကလဲလွယ်ကူပါတယ်။ ချက်စားကြည့်ရအောင်။

ပါ၀င်သောပစ္စည်းများ

  • ၀က်သား - ၂၅ ကျပ်သား (သို့) ၁ ပေါင်
  • မန်ကျည်းရွက် - ၅ ကျပ်သား (ပြည်ပမှာနေလျှင် ဖန်ပုလင်းနဲ့လာတဲ့မန်ကျည်းရွက်ကို အသုံးပြုနိုင်ပါတယ်။)
  • မြန်မာငံပြာရည် (သို့) ယိုးဒယားငံပြာရည်- ထမင်းစားဇွန်း ၂ ဇွန်း (သို့) ၃ ဇွန်း
  • ဆီ - ထမင်းစားဇွန်း ၄ ဇွန်း
  • သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆနွင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း တဝက်
  • ငရုတ်သီးမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီ - ၁ လုံး
  • ခရမ်းချဉ်သီး - ၁ လုံး
  • ဂျင်း - အနည်းငယ်
  • ကြက်သွန်ဖြူ - ၃ မွှာ

(ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)


ချက်ပြုတ်နည်း

  1. ၀က်သားကို ကြိုက်နှစ်သက်ရာအရွယ်တုံးရ်ျ သန့်စင်ထားပါ။ ကြက်သွန်နီနှင့်ခရမ်းချဉ်သီးကိုပါးပါး လှီးထားပါ။ ကြက်သွန်ဖြူ နှင့် ဂျင်းကို ညက်နေအောင်ထောင်းပါ။ မန်ကျည်းရွက်များကိုလဲ သန့်စင် ထားပါ။ 
  2. ချက်မည့်အိုးထဲကို ၀က်သား၊ ပါးပါးလှီးထားသော ကြက်သွန်နီ၊ ခ၇မ်းချဉ်သီး၊ ထောင်းထားသော ကြက်သွန်ဖြူ နှင့်ဂျင်းထည့်၊ အရောင်တင်မှုန့်၊ ဆနွင်း၊ မြန်မာငံပြာရည် (သို့) ယိုးဒယားငံပြာရည်၊ သကြား (သို့) အချိုမှုန့်၊ ငရုတ်သီးမှုန့်၊ ဆီ တို့ကိုထည့်ရ်ျ နယ်ပါ။ 
  3. ထို့နောက် မီးဖိုပေါ်တင်ရ်ျ လုံးပါ။ ရေကို ၀က်သားမြုပ်အောင်ထည့်ပြီး ၀က်သား နူးခါနီးအထိတည်ပါ။
  4. အသားနူးခါနီးတွင် သန့်စင်ထားသော မန်ကျည်းရွက်များကိုထည့်ပါ။ မန်ကျည်းရွက်များ နွမ်းလျှင် အပေါ့အငံမြည်းရ်ျ မီးဖိုပေါ်မှချပါ။
  5. ချဉ်ချဉ်စပ်စပ်နှင့် ထမင်းအလွန်မြိန်စေတဲ့ ၀က်သားမန်ကျည်းရွက်စပ်ချက်ကိုသုံးဆောင်နိုင်ပါပြီ။

 

No comments:

Post a Comment

@templatesyard