မာလာရှမ်းကောအနှစ်



တစ်ပုလင်းစာအတွက်လိုအပ်ပစ္စည်း

မာလာရှမ်းကောမာဆလာအခြောက်မှုန့်

  • သစ်ဂျပိုး ၆လက်မအရွယ် ၁ပိုင်း
  • ကရဝေးရွက် ၄ရွက်
  • နာနတ်ပွင့် ၃ပွင့်
  • ဇာတိတ်ဖိုလျဆံ ၁ခု
  • လေးညင်း ၄ပွင့် 
  • ရှားကောလုံး ၂လုံး (အထုံမကြိုက်လျော့ထည့်ပါ)
  • စီချွမ် ငြုပ်ကောင်း 1tbsp
  • ဇီယာ  1tbsp
  • စမုန္စပါး 1tbsp
  • ငြုပ်သီးခြောက်အတောင့် အတောင့်၂၀ခန့်
  • ဖာလာ  ၆ခု
  • ငြုပ်အစိမ်းမှုန့် 1tbsp

အနှစ်အစိုအတွက်ပါဝင်ပစ္စည်း

  • ကြက်သွန်ဖြူ ဗမာဥ ၆ဥ
  • ဂျင်း    ၂လက်မပတ်လည် ၁တက်
  • ပန်းငြုပ်ပွ အနီ  ၂လုံး (အနီမရရင် ငြုပ်ပွခြောက်ကိုရေစိမ်ပီးကြိတ်ပါ)
  • မိုးမျှော်ငြုပ်သီးအနီ  ၅ကျပ်သား
  • ပဲငပိ အငန်   1tbsp
  • ပဲငပိ အချဉ်   1tbsp
  • ဆား (အရသာအတွက်)
  • ပဲငံပြာရည် အကြည် (အရသာအတွက်)
  • သကြား(အရသာအတွက်)

မှတ်ချက်။  ။အချိုမှုန့်အသားမှုန့် လုံးဝသုံးစရာမလိုပါ။

ပထမဆုံး ဒယ်ထဲဆီထည့်ပါ ပူလာရင် အခြောက် ပါဝင်ပစ္စည်းများကိုကြော်ပါ ၂မိနစ်ပျော့ပျော့လောက်ကြော်ပီးရင်ဆယ်ထုတ်ပါ ဆုံထဲထည့်ထောင်းပါ (အမှုန့်ခြောက်တွေဘဲရှိတယ်ဆိုရင် ဒီအဆင့်ကိုကျော်လိုက်ပါ အစိုတွေဆီသတ်ပီးမှ အခြောက်မှုန့်ထည့်ပါ)အစို 1-4 ထိကို ကြိတ်ပါ မကြိတ်ချင်ရင်ထောင်းပါ

ချက်နည်း

စောစောက ဆီဒယ်အိုးကို ပြန်အပူပေးမယ် ဆီထပ်ထည့်မယ် (၂၅သားခန့်)

ဆီပူရင်1-4 ကြိတ်ထားတာကို ထည့်ဆီသတ်မယ် ကြက်သွန်နွမ်းရင် အခြောက်ကြော်ပီးထောင်းထားတာကိုထည့်မယ် မွှေမယ် ပဲငပိ ၂မျိုးထည့်မယ် မွှေနေပေးမယ် 

ပဲငံပြာရည် သကြား ဆားကိုချိန်ညှိထည့်မယ် ဆီနီတွေထွက်လာရင် ဖိုပေါ်ကချ အအေးခံပီး  ပုလင်းထဲထည့် ရေခဲသေတ္တာ အအေးခန်းထဲ ထည့်သိမ်းပါ ၄လခံပါတယ်။



No comments:

Post a Comment

@templatesyard