ပါဝင်ပစ္စည်းများ
- အုန်းနို့ခေါက်ဆွဲဖတ် - ၈ ပိဿာ
 - ကြက်သား - ၂ ပိဿာ
 - ငါးဖယ် - ၁ ပိဿာ
 - ဘဲဥ - အလုံး ၅၀
 - ပဲစိမ်းမှုန့် - ၈၀ ကျပ်သား
 - ငရုတ်သီးအရောင်တင်မှုန့် - ၂၀ ကျပ်သား
 - ဆီ - ၃၀ ကျပ်သား
 - အုန်းသီး (သို့) နို့စိမ်း - ၈ လုံး (သို့) ၈ ဘူး
 - သကြား - စားပွဲဇွန်း ၁၆ ဇွန်း (မောက်မောက်)
 - ဆား - စားပွဲဇွန်း ၁၀ ဇွန်း (မောက်မောက်)
 - အရသာမှုန့် - စားပွဲဇွန်း ၅ ဇွန်း (မောက်မောက်)
 - ကြက်သွန်နီဥသေး - ၂ ပိဿာ (ထည့်ရန်)
 - နနွင်းမှုန့် - စားပွဲဇွန်း ၁ ဇွန်း
 - မုန့်ကြွပ်ကြော် - ၅၀ ကျပ်သား
 - ကြက်သွန်နီဥကြီး - ၁ ၁/၂ ပိဿာ (အစိမ်းထည့်စားရန် ပါးပါးလှီး)
 - ရှောက်သီး - ၁၅ လုံး (အရည်ရွှမ်းရွှမ်း)
 - ငရုတ်သီးလှော်မှုန့် - ၃၀ ကျပ်သား
 - ယိုးဒယားငံပြာရည် - ၁ လုံး (အလယ်တည်ရန်)
 - ကြက်သွန်ဖြူဗမာဥ - ၅ ဥ
 - ပဲကြော် - ၁၀ဝ ချပ်
 - ရေ - (ဆန် ၁ ပြည်ချက် အိုးတစ်ဝက်ပါ) ၈ လုံး
 
(အပျစ်အကျဲအတွက် ထပ်လိုက်နိုင်ပါတယ်။ ပဲစိမ်းဖျော်ရာမှာလည်း ရေပါဝင်မှာဖြစ်တဲ့အတွက် ပျစ်လျှင် ရေနွေးလိုက်လို့ ရပါတယ်။ မကျဲအောင် ဂရုစိုက်ပါ။)
ချက်ပြုတ်နည်း
- ကြက်သားကို အခြမ်းလိုက် ရေဆေးပြီး ရေစစ်ထားပါ။ရေနွေးအိုး တည်ပြီး ဆူလာလျှင် ကြက်သွန်ဖြူဥ အတိုင်း အပေါ်ခွံချွတ်ပြီး ရေဆေး၍ ၂ ဥ ထည့်ပါ။ ဆား စားပွဲဇွန်း ၁ ဇွန်း ထည့်ပြီး ကြက်သားထည့် ပြုတ်ပါ။ အစိမ်း မကျန်ဘဲ ခပ်တင်းတင်းလေး နူးလာလျှင် ဆယ်ယူပြီး အအေးခံ၍ အဖတ် ကြီးကြီးတွေ လွှာထားပါ။
 - ဘဲဥကို ပြုတ်ထားပါ။
 - ပဲစိမ်းမှုန့်ကို အလုံးအခဲမကျန်အောင် ရေဖျော် ထားပါ။
 - ကြက်ပြုတ်ရည်ထဲ ချင်း၊ ကြက်သွန်ဖြူရည်၊ ဆား၊ အရသာမှုန့်နယ်၍ စေး အောင် ပေါက်ထားသော ငါးဖယ် များကို ခပ်ကြီးကြီး ပြားပြီး ထည့်ပြုတ်ပါ။ အပေါ်ပေါ်လာလျှင် ခဏထား၍ ဆယ်ထုတ်ပြီး အနေတော်လေး တွေ လှီးထားပါ။
 - ဆီပူအိုးတည်ပြီး ပူလာလျှင် မုန့် ကြွပ်ကြော်ပြီး ဆယ်ယူ ထားပါ။ အေးလျှင် လေလုံသောဘူး (သို့) အိတ်ထဲ ထည့်ပြီး လေလုံအောင် သိမ်းပါ။
 - ကျန်ဆီထဲ ကြက်သွန်ဖြူ ၃ ဥကို မညက်တညက် ထောင်းပြီး ဆီသတ်ပါ။ နနွင်းမှုန့်ထည့်ပါ။ ကြက်သွန်ဖြူ ရနံ့မွှေးလာလျှင် ငရုတ်သီးအရောင်တင်မှုန့် ထည့်ပြီး လွှာထားသော ကြက်သားများထည့်ပါ။
 - ဆား စားပွဲဇွန်း ၁ ဇွန်း၊ သကြား ၁ ဇွန်း ထည့်ပါ။ မွှေးလာလျှင် ဆယ်ယူလို့ရ ပါပြီ။ ရေချိန်ကို ကြက်ပြုတ် ရည်အပါ အပေါ်မှာပြထားသည့်အတိုင်း ထည့်ပါ။
 - ဆူလာလျှင် ဖျော်ထားတဲ့ ပဲစိမ်းမှုန့်ထည့်ပြီး နာနာမွှေ၍ မီးမှန်မှန်နဲ့တည်ပါ။ ပဲစိမ်းက အိုးကပ်ပြီး တူးတတ် ပါတယ်။ ပဲစိမ်းနံ့ပျောက်လျှင် အုန်းနို့ရည် လောင်းပါ။
 - ကြက်သား၊ ငါးဖယ်၊ ပြုတ်ထားတဲ့ဘဲဥကို ပါးပါးလှီးထည့်ပြီး ကြက်သွန်ဥ ထည့်ပါ။ အရသာမှုန့်၊ ဆား၊ သကြား ထည့်ပြီး အပျစ်အကျဲ မှန်းဆပါ။ အရသာမြည်းပါ။ ပွက်ပွက်ဆူလာလျှင် ရပါပြီ။
 
ပွဲပြင်ရန်
- ခေါက်ဆွဲဖတ် အနေတော် ဖြတ်ထားပါ။
 - ကြက်သွန်နီဥကြီးကို ပါးပါးရိပ်ရိပ် လှီးပြီး ရေဆေး ထားပါ။
 - ရှောက်သီးလှီးထားပါ။
 - ငံပြာရည်၊ ငရုတ်သီးလှော်မှုန့် နှင့် မုန့်ကြွပ်ကြော်၊ ပဲကြော်ထည့်ပီး သုံးဆောင်နိုင်ပါသည်။
 


No comments:
Post a Comment