ပြောင်းဖူးပူတင်း


ပြောင်းဖူးရဲ့ချိုပြီးမွှေးတဲ့အရသာလေးရယ် ချိစ်ရဲ့အဆိမ့်ဓာတ်လေးရယ်နဲ့ စားရတာ အရမ်းအရသာရှိ ။

ပါဝင်ပစ္စည်း

  • ကြက် ဥ ၂လုံး
  • ပြောင်းဖူး ၁ဖူး (အစို)
  • နွားနို့ 180ml
  • Custard powder လက်ဖက်စားဇွန်း 1ဇွန်းခွဲ
  • ဂျုံ လက်ဖက်စားဇွန်း 1ဇွန်း
  • Cheddar Cheese အနည်းငယ်

လုပ်နည်း

  1. ပထမဆုံးပြောင်းဖူးတစ်ဖူးကို ပြောင်းဖူးတန်းလိုက်ဓားနဲ့လှီးတဲ့နေရာလှီးတယ် အဖတ်မပါအောင် အနှစ်ပဲယူတဲ့နေရာယူပြီး ‌အရင်၁၀မိနစ်ခန့်ပေါင်းပါတယ်
  2. (ပြောင်းဖူးကကြီးနေတဲ့အတွက် ၄တန်းလောက်ချန်ထားပါသေးတယ်)
  3. ပေါင်းပြီးတဲ့ပြောင်းဖူး၊ ‌ကြက် ဥ၊ နွားနို့ custard powder၊ ဂျုံတို့နှင့် Blender စက်သံညှပ်တဲ့အထိ ကြိတ်ပေးပါ စက်ရပ်ပြီးမှ ချိစ်အနည်းငယ်ကိုခြစ်ထည့်ပြီး‌မွှ‌ပေးပါတယ် (Bego Cheddar Cheese သုံးထားပါတယ်)
  4. ထည့်ဖုတ်မဲ့ခွက်ကို Butter ပွတ်ပြီးမုန့်နှစ်လောင်းထည့်မယ် အပေါ်က ချိစ်ကိုခြစ်ပြီးတင်ထားမယ်
  5. Oven ကို 180°C နှင့် 25 - 30 မိနစ်ခန့်ဖုတ်ပေးရင်ရပါပြီ။


No comments:

Post a Comment

@templatesyard