ဆိတ်သားအာလူးဆီပြန်


ပါဝင်ပစ္စည်းများ

  • ဆိတ်သား ၂၅ ကျပ်သား
  • အာလူး ၂၅ ကျပ်သား
  • ကြက်သွန်နီ ၂ လုံး
  • ကြက်သွန်ဖြူ ၁၀ မွှာ
  • ဂျင်း လက်တစ်ဆစ်
  • စပါးလင် ၂ ပင်
  • ငရုပ်ခြောက် ၅ တောင့်
  • ဆား လက်ဖက်စားဇွန်း ၁ ဝက်
  • ငရုပ်ကောင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
  • ကြက်သားမှုန့် လက်ဖက်စားဇွန်း ၂ ဇွန်း
  • နနွင်းမှုန့် လက်ဖက်စားဇွန်း ၂ ဇွန်း
  • ဇီယာမှုန့် လက်ဖက်စားဇွန်း ၂ ဇွန်း
  • ဒိန်ချဉ် လက်ဖက်စားဇွန်း ၃ ဇွန်း
  • ပဲဆီသန့် ၅ ကျပ်သား
  • ကရဝေးရွက် ၃ ရွက်
  • သစ်ဂျပိုးခေါက် ၁ ချောင်း
  • လေးညှင်းပွင့် ၅ ပွင့်
  • ဖာလာစေ့ ၅ စေ့
  • နာနတ်ပွင့် ၅ ပွင့်
  • ပျဉ်တော်သိမ်ရွက် ၃ ရွက်
  • ရေသန့် ၁.၅ လီတာ

ချက်ပြုတ်ပြင်ဆင်ပုံ

၁။ ဆိတ်သားကို (၂) လက်မခန့်အတုံးများလှီးပြီး ကြက်သားမှုန့်၊ ဒိန်ချဉ်၊ ဇီယာမှုန့်၊ နနွင်းမှုန့်တို့နဲ့ အရသာသွင်းပြီး နာရီဝက်ခန့်နှပ်ထားပါ။

၂။ ငရုပ်သီးခြောက်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ကျေညက်အောင်ထောင်းပြီး ဆီသသတ်ဖို့အတွက်ဟင်းအနှစ်လုပ်ထားပါ။

၃။ အိုးတစ်လုံးမှာ ဆီကိုအပူပေးပြီး နနွင်းမှုန့်၊ လေးညှင်းပွင့်၊ ဖာလာစေ့ ၊ နာနတ်ပွင့် ၊ ကရဝေးရွက်၊ သစ်ဂျပိုးခေါက်၊ စပါးလင်၊ ပျဉ်းတော်သိမ်ရွက်တို့ကို ဆီသတ်ပါ။

၄။ ဟင်းခတ်အမွှေးအကြိုင်များဆီသတ်ပြီးတာနဲ့ အသင့်ထောင်းထားတဲ့ ငရုပ်သီးအနှစ်ကို ထည့်ချက်ပေးပါ။

၅။ ငရုပ်သီးအနှစ်ကျက်လျှင် အသင့်အရသာသွင်းထားသော ဆိတ်သားကိုထည့်ပြီး ဆီပြန်တဲ့အထိ ချက်ပါ။

၆။ ဆိတ်သားအနည်းငယ်ဆီပြန်လာရင် ရေအနည်းငယ်ထပ်ထည့်ပြီး အာလူးရောကာ အနံနှင့်အရသာအတွက် ဇီယာမှုန့်၊ ဒိန်ချဉ်၊ ကြက်သားမှုန့်၊ ငရုပ်ကောင်းမှုန့်တို့ကို လိုသလောက်ထပ်ထည့်ပေးပြီး ဆိတ်သားနဲ့ အာလူးနူးတဲ့အထိ မီးပျော့ပျော့ဖြင့်ချက်ပေးပါ။

၇။ ဆိတ်သားနူးပြီး အရသာလည်း မိမိစိတ်ကြိုက်ရပြီဆိုရင်တော့ အိုးပေါ်ကနေချပြီး အဆင်သင့်သုံးဆောင်လို့ရပါပြီ။ 

ဟင်းခတ်အမွှေးအကြိုင်တွေကို ပရဆေးဆိုင်တွေမှာအလွယ်တကူဝယ်ယူနိုင်ပါတယ်။


No comments:

Post a Comment

@templatesyard