ဝက်ခြေထောက်ရခိုင်ချက်


လိုအပ်ပစ္စည်း

  • ဝက်ခြေထောက် - 2 kg ခန့် (၁ ပိသာ ၃၀ ကျပ်သားခန့်)
  • ၈ စိတ်ကွဲလှီးထားသော ကြက်သွန်နီအသေး - ၅ လုံး
  • ထောင်းထားသော ကြက်သွန်ဖြူ - ထမင်စားဇွန်း ၁ ဇွန်း
  • ထောင်းထားသော ငရုတ်သီးစိမ်း - ထမင်စားဇွန်း ၂ ဇွန်း (အစပ်ကိုယ်စားနိူင်သလောက်ထည့်ပါ။)
  • စိမ်းစားငါးပိ - ထမင်စားဇွန်း ၁ ဇွန်း
  • မန်ကျဉ်းသီးအနှစ် - ထမင်စားဇွန်း ၂ ဇွန်းခွဲ
  • နနွင်းမှုန်. - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အရောင်တင်မှုန်. - ထမင်စားဇွန်း ၁ ဇွန်းခွဲ
  • ဆား - ထမင်စားဇွန်း ၁ ဇွန်း
  • အရသာမှုန့် - ထမင်စားဇွန်း ၂ ဇွန်းခွဲ
  • ဆီ - ဟင်းခပ်ဇွန်းကြီး ၃ ဇွန်း

ချက်ပြုတ်ပြင်ဆင်နည်း

  1. ဝက်ခြေထောက်ကို မီးနှင့် အနည်းငယ်မြှိုက်ပေးပါ။ (အမွှေးများကျွမ်းသွားစေပါဟင်းအနံ့ပိုကောင်း စေရန် နှင့် ဝက်ခြေထောက် အရောင်လှစေဖို.ပါ။)
  2. မီးမြှိုက်ထားသော ဝက်ခြေထောက်၊ ကြက်သွန်နီ၊ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ငါးပိ၊ မန်ကျဉ်းသီးအနှစ်၊ နနွင်း၊ ဆား၊ အရသာမှုန်.၊ ရောင်တင်မှုန်. နှင့် ဆီတို့ကို အိုးတစ်လုံးထဲ ထည့်ပါ။
  3. အားလုံးကိုသေသေချာချာရောနယ်ကာ နာရီဝက်ခန်.နပ်ထားပါ။
  4. နာရီဝက်နပ်ပြီးလျှင် ရေမထဲ့သေးပဲ နှင့် ၁၀ မိနစ်ခန်.မွှေပြီးလုံးပါ။
  5. ပြီးလျှင် ရေ ၄ ခွက် (1000 ml) ထည့်ကာ high heat နှင့် မိနစ် ၂၀ ခန်.တည်ပါ။
  6. ပြီးနောက် medium heat သို.လျှော့ကာ နောက်ထပ်နာရီဝက်ခန်.တည်ပါ။(၃၊ ၄ ခါလောက်မွှေပေးပါ။)

    အသားလေးနူးကာ အရည်ခပ်ပြစ်ပြစ်လေးဖြစ်လာလျှင် မီးကိုပိတ်ပြီး ချဉ်ချဉ်စပ်စပ်မွှေးမွှေးလေးနှင့် အိအိလေးဖြစ်နေသော ဝက်ခြေထောက် ရခိုင်ချက်ကိုအရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။


No comments:

Post a Comment

@templatesyard