ဖာလူဒါကျောက်ကျော

 


ပါဝင်ပစ္စည်း

  • တယ်လီဖုန်းကျောက်ကျောမှုန့်သေး ၂၅ ဂရမ်
  • နို့စိမ်း၂ဗူး
  • ရေ ၁လီတာ
  • ဂျယ်လီ ၁ထုပ်
  • သာကူစေ့ လိုသလောက်
  • ဆား အနည်းငယ်
  • သကြား၂၅ကျပ်သား ( အချိုကြိုက်ရင် ထပ်တိုးပါ)
  • အနံ့ထည့်ချင်ရင်တော့ ကိုယ်ကြိုက်ရာထည့်ပါ။


ပြုလုပ်နည်း

ပထမဆုံး သာကူစေ့ကို အစေ့ပျောက်အောင်ကြိုပါ..လိုသလို ခွဲပြီး အရောင်ထည့်မွှေပါ..သာကူစေ့အရောင်ဝင်သွားပြီဆိုလျင် ရေအေးနှင့်ဆေးချပါ..အဲဒါမှ စေးကပ်မနေမှာပါ..ပြီးလျင်တော့ ရေစစ်ထားပါ..ကျောက်ကျောဗန်းထဲ ရေထွက်နေမှာစိုးလို့ပါ..ဂျယ်လီကို နည်းနည်းထူထူလှီးထားပါ ..ပါးလွန်းရင် ပျော်သွားတတ်ပါတယ်..သာကူစေ့တွေ ဂျယ်လီတွေကို ဗန်းထဲမှာ ဖြန့်ခင်းထားပါ..အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင် ကျောက်ကျောရည် စကြိုလို့ ရပါပြီ..နို့စိမ်း ၂ဗူး၊ ကျောက်ကျောမှုန့်သေး ၁ထုပ်၊ ရေ ၁လီတာ၊ ဆား အနည်းငယ် ၊သကြားလိုသလောက် ထည့်ပြီး မီးပြင်းပြင်းဖြင့် မိနစ် ၃၀ခန့် မနားတမ်းမွှေပေးပါ၊ ပြီးလျှင် သာကူတွေ ဂျယ်လီတွေ ခင်းထားတဲ့ ဗန်းထဲကို ဖြည်းဖြည်းချင်းသာ လောင်းထည့်ပါ..ပြီးရင် ဗန်းထဲကို ဇွန်းလေးနဲ့ နှံ့အောင်မွှေပေးလိုက်ဦးနော် ..မဟုတ်ရင် သာကူတွေ စေးကပ်နေလိမ့်မယ်..ပူနေတုန်းမှာ မွှေပေးပါ..ပြီးရင်တော့ ထုံးစံအတိုင်း အအေးခံပြီး လိုသလို သုံးဆောင်လို့ ရပါပြီ။


No comments:

Post a Comment

@templatesyard