ကြက်သားချဉ်စော်ခါးသီးသောက်ဆမ်း


ပါဝင်ပစ္စည်း

  • ခြံကြက်(ဗမာကြက်).........၁ကောင်
  • ကြက်သွန်နီ...................၃လုံး
  • ကြက်သွန်ဖြူ...................၅တက်
  • ချင်းကြီးကြီး....................၁တက်
  • ချဉ်စော်ခါးသီးခြောက်.........၅ချပ်ခန့်
  • ဟွားကျောင်း(မက်ခမ်သီးစေ့) ဇွန်းဝက်ခန့်
  • ငရုတ်ကောင်းစေ့...............အနည်းငယ်
  • ငရုတ်သီးစိမ်း...................၁၀တောင့်ခန့်
  • ရှမ်းနံနံ........................... ၁စည်း

(ဒီချက်နည်းလေးကကချင်ချက်နည်းအစစ်မဟုတ်ပေမယ့်ခပ်ဆင်ဆင်တူပါတယ်။)

ချက်ပြုတ်နည်း

1. ခြံကြက်ခပ်ရင့်ရင့်လေးတစ်ကောင်ကိုသန့်စင်စွာရေဆေးပြီးအနေတော်အတုံးများတုံးထားပါ။(ဒီဟင်းပွဲမှာတော့ဥစားကြက်ကိုအသုံးပြုထားပါတယ်)အရသာအနည်းငယ်နယ်ထားပါ။

2. ကြက်သွန်နီကိုရှစ်စိတ်လှီး၊ချင်းကိုပါးပါးလှီးပြီးကြက်သွန်ဖြူ ကိုဓားပြားရိုက်ပါ။

3. မက်ခမ်သီးနှင့်ငရုတ်ကောင်းစေ့ကိုမွှေးနေအောင်လှော်ပြီးလုံးခြမ်းခွဲထားပါ။

4. ရှမ်းနံနံနှင့်ငရုတ်သီးစိမ်းကိုပါးပါးလှီးပါ။ချဉ်စော်ခါးသီးခြောက်ကိုရေစိမ်ထားပါ။

5. ရှမ်းနံနံ ၊ငရုတ်သီးစိမ်း၊ချဉ်စော်ခါးသီးတို့မှလွဲပြီးကျန်ပါဝင်ပစ္စည်းအားလုံးကိုရောထည့်ပါ။

6. ရေကိုမြုပ်ရုံလေးထည့်ပြီးစတင်အပူပေးပါ။အမြုပ်နှင့်အညစ်အကြေးများကိုစစ်ထုတ်ပါ။

7. တစ်ပွက်ဆူလာလျှင်ရေအနည်းငယ်ထပ်ဖြည့်ပြီးအထက်ပါအတိုင်းနောက်တစ်ကြိမ်ပြုလုပ်ပါ။

8. ကြက်သားတွေတစ်ဝက်ကျက်လောက်ပြီဆိုရင်ရေစိမ်ထားတဲ့ချဉ်စော်ခါးသီးကိုထည့်ပြီးဆား၊ငါးငံပြာရည်၊သကြား၊ဟင်းခတ်မှုန့်၊ကြက်သားမှုန့်တို့ကိုအချိုးညီစွာအရသာဖြည့်စွက်ပါ။

9. မီးရှိန်အေးအေးမှာ ကြက်သားတွေနှုးသည်အထိချက်ပေးပါ (ဟင်းရည်အများကြီးဖြစ်မနေစေဖို့ ရေဖြည့်စွက်ချိန်တိုင်းချင့်ချိန်ဖြည့်စွက်ပေးဖို့လိုအပ်ပါတယ်)

10. စားသုံးခါနီးမှပါးပါးလှီးထားတဲ့ရှမ်းနံနံနှင့်ငရုတ်သီးစိမ်းတွေဖြည့်စွက်ပေးပါ။



No comments:

Post a Comment

@templatesyard