ကြက်သားမှိုစတူး(တရုတ်စတိုင်)


တရုတ်စတိုင် ကြက်သား နှင့် မှို စတူးပါ။ Slow cookနဲ့ ချက်ထားတာမို့ ကြက်သား၊ မှို နှင့် ဟင်းရွက် အားလုံး အရမ်းနူးအိပြီ စားလို့ ကောင်းပါတယ်။ အရသာက ချိုစိမ့်ပြီ ထမင်းပူပူလေးနဲ့ တွဲဖက်သုံးဆောင်ဖို့ အရမ်းလိုက်ဖက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် အသား – ၃၀၀ ဂရမ် (အနေတော်အရွယ် တုံးပေးပါ)
  • မှိုပွင့်ခြောက် – ၆ခု (ရေနွေးဖြင့် ၃မိနစ်ခန့် ပြုတ်ပြီ ပါးပါးလှီးပါ)
  • မုန်လာဥနီ – ဥကြီး ၁ဥ (အခွံနွှာပြီ အတုံးလတ်များ တုံးပါ)
  • မုန်လာဥဖြူ - ဉကြီး ၁ဥ (အခွံနွှာပြီ အတုံးလတ်များ တုံးပါ)
  • ကြက်ဥ - ၁လုံး (ကျက်အောင်ပြုတ်ပီ အခွံနွှာထားပါ)
  • ပြောင်းဖူး - ၁ဖူး (အတုံးလတ်များ ပိုင်းဖြတ်ပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စင်းပါ)
  • ကြက်သွန်နီ – ၁လုံး (၄စိပ်စိပ်ပါ)
  • ကြက်ဥ – ၃လုံး (ကျက်အောင် ပြုတ်ပြီ အခွံနွှာထားပေးပါ)
  • ရေ – ၂ခွက် (Measurement ချိန်ခွက် ၂ခွက်)


ကြက်သားနုပ်ရန်ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
  • ပဲငံပြာရည် (အနောက်) – စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း တဝက်
  • ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆန်ဝိုင် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း တဝက်
  • ဆွမ်းအုပ် ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  • သကြား – လက်ဖက်ရည်ဇွန်း တဝက်
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • နတ်နတ်ပွင့် – ၂ခု
  • တရုတ် မဆလာ(Chinese Five-Spices) – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ငရုတ်ကောင်းမှုန့်(အဖြူ) – အနည်းငယ်


ချက်ပြုတ်နည်း

၁။ အရင်ဆုံး ကြက်သားများကို နုပ်ထားရန် ပါဝင်ပစ္စည်းများဖြစ်သော (ပဲငံပြာရည်(အကြည်)၊ ပဲငံပြာရည်(အနောက်)၊ သကြား၊ ခရုဆီ၊ ဆန်ဝိုင်၊ ဆား၊ ဟင်းခတ်မှုန့်၊ သကြား၊ နတ်နတ်ပွင့်၊ တရုတ်မဆလာ၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်) တို့ဖြင့် သမအောင် ရောနုယ်ပေးပြီ နာရီဝက်ခန့် နုပ်ထားပေးပါ။

၂။ ပြီလျှင် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၄ဇွန်း) ထည့်ပြီ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီပူထိုးပေးပါ။

၃။ ပြီလျှင် နုပ်ထားသော ကြက်သားကို ထည့်ပြီ ကြက်သား အညှိရောင် အနည်းငယ် သန်းသည်အထိ ၂မိနစ်ခန့် ရောမွှေပေးပါ။

၄။ ပြီနောက် မှို၊ မုန်လာဥနီ၊ မုန်လာဥဖြူ၊ အာလူး၊ ကြက်ဥ၊ ပြောင်းဖူး တို့ကို ထည့်ပြီ ရောမွှေလိုက်ပါ။

၅။ ပြီမှ ရေ(၂ခွက်))ကို ထည့်ကာ ဆီပြန်သည်အထိ အဖုံးအုပ်ပြီ ၁နာရီခန့် တည်ထားပေးပါ။

၆။ အရသာရှိ‌‌သော ကြက်စတူး ဟင်းလျာကို နှမ်းဆီကြက်သွန်မြိတ်၊ ငရုတ်ကောင်းမှုန့် အနည်းငယ် ဖြူးပြီ သုံးဆောင်နိုင်ပါပြီ။


No comments:

Post a Comment

@templatesyard