ပုဇွန်တုန်ယမ်း


 ပါဝင်ပစ္စည်းမျာ

  • ပုစွန်
  • ပဲပြာ
  • ငုံဥ
  • မုန်လာဥနီ
  • မုံညှင်းဖြူ
  • အပ်မှို
  • ခရမ်းချဉ်သီး
  • တုန်းရမ်းဟင်းချိုအထုပ်
  • ကုလာနံနံ
  • စပါးလင်
  • အုန်းနို့ရည်
  • ငရုတ်သီး
  • သကြား(အချိုမှုန့်)
  • ပဲငံပြာရည်

ချက်ပြုတ်နည်း

  1. ရေနွေးအနည်းငယ်ဆူအောင်တည်ပြီးကြက်ရိုးကို ၅မိနစ်လောက်ပြုတ်ပါ။
  2. ပြုတ်ထားတဲ့အရည်တွေကိုသွန်လိုက်ပါ အရိုးတွေကိုသက်သက်ဖယ်ထားပါ။
  3. လိုချင်တဲ့ရေပမာဏထည့်ပြီးကြက်ရိုးတွေကိုကြာကြာလေးပြန်ပြုတ်ပေးပါ။
  4. ကြက်ပြုတ်ရည်ရပြီဆိုရင် ကြက်ရိုးတွေကိုဖယ်ထားပြီးရေပမာဏကိုပြန်ကြည့်ပါ အနည်းအများလိုအပ်သလိုထည့်ပါ။
  5. ကြက်ရိုးပြုတ်ရည်ထဲကို လှီးထားတဲ့ပဒဲကောနဲ့စပါးလင်ထည့်ပြီးတည်ထားပါ ပွတ်လာပြီးအနံ့ထွက်လာတဲ့ထိတည်ပေးပါ။
  6. တုံယမ်းခဲကိုပန်းကန်တစ်ခုထဲမှာ ရေ(သို့) ရေနွေးနဲ့အရည်ဖျော်ထားပါ။
  7. ဟင်းရည်ပွတ်လာပြီးအနံ့လေးသင်းလာရင် တုံယမ်းထည့်ပေးပါ(*သတိပြုရမှာက တစ်ခါထဲနဲ့အများကြီးမထည့်ပါနဲ့ အရသာလိုမှထပ်ထည့်ပါ)။
  8. ငရုတ်သီးစိမ်းခြမ်းထားတာတွေထည့်ပါ (အစပ်ကြိုက်ရင်ပိုထည့်ပါ)။
  9. ခရမ်းချဉ်သီးထည့်ပါ ( နည်းနည်းကြာကြာလေးတည်ပေးပါ အိုးထဲကထည့်ထားတာတွေအရသာတွေထွက်လာအောင်ပါ)။
  10. ပုစွန်ထည့်ပါ။
  11. ဟင်းရည်ထဲထည့်စားမယ့်အသီးအရွက်တွေထည့်လို့ရပါပြီ(မြန်မြန်နူးလွယ်တာတွေကို ဟင်အိုးချခါနီးမှထည့်ပေးပါ  အနူးမလွယ်တာတွေကိုအရင်ထည့်ပြီးတည်ထားပါ)။
  12. အရသာတွက် လိုအပ်သလိုပြင်ဆင်ပါ။
  13. အရေးကြီးဆုံးက အုန်းနို့ထည့်ရမှာပါ သူ့ကိုမထည့်ရင်စားရတာမကောင်းပါဘူး ထည့်လိုက်မှအရသာကတစ်မျိုးဖြစ်ပြီးစားလို့ကောင်းတာပါ (သုံးထားတဲ့ပစ္စည်းကိုပုံနဲ့ပြထားပါတယ်)။
  14. အရသာမြည်ပြီးလိုအပ်သလိုပြင်ဆင်ပြီးရင် ရှမ်းနံနံလေးအုပ်ပေးပါ။

No comments:

Post a Comment

@templatesyard