ပြည်ပလာတာပြုလုပ်နည်း


ပြည်ပလာတာ (၁၀ယောက်စာ)

ပါဝင်ပစ္စည်း

  • ပလာတာ - ၁၅ချပ်
  • ကြက်သား - ၅၀ကျပ်သား
  • အာလူး - ၃၅ကျပ်သား
  • ကုလားပဲ - ၂၀ကျပ်သား
  • ငရုတ်ပွခြောက် - ၆တောင့်
  • ကြက်သွန်နီ - ၄လုံး
  • ချင်း - လက်တစ်ဆစ်
  • ကရဝေးရွက် - ၂ခု
  • ပဲနံ့သာစေ့ -လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • မဆလာ - အနည်းငယ်
  • ဆီ - စားပွဲတင်ဇွန်း၁၀ဇွန်း
  • ဂေါ်ဖီထုပ် - တစ်စိတ်(ခြစ်ထားပါ)
  • ကြက်သွန်နီ - ၅လုံး(ပါးပါးလှီးထားပါ)
  • ငရုတ်သီးစိမ်း- အနည်းငယ်
  • သံပုရာသီး- ၅လုံး
  • ပူစီနံ - ၂စည်း

ပြုလုပ်နည်း

~ကုလားပဲများကို (၃)နာရီခန့် ရေစိမ်ပြီး နူးအောင်ပြုတ်ထားပါ။ ပဲနူးလျှင် အအေးခံ၍ကြိတ်စက် (Blender) ထဲသို့ ထည့်ကြိတ်ကာ အိုးအကြီး တစ်လုံးထဲသို့ ပြောင်းထည့်ထားပါ။

~ကြက်သားများကို အရွယ်တော်အတုံးများ တုံး၍ ရေဆေးပီးအရသာမှုန့် နနွင်းမှုန့် ဆား မဆလာတို့ဖြင့်နယ်ကာ ရေခဲသေတ္တာထဲတွင် (၂)နာရီခန့်နှပ်ထားပါ။

~ငရုတ်ပွခြောက်ကိုရေစိမ်၍အစေ့ထုတ်ပြီး ကြက်သွန်နီ၊ ချင်းတို့နှင့် ရောကာညက်အောင် ထောင်းထားပါ ။

~အာလူးများကို အခွံခွာ၍ လေးစိတ်စိတ်ကာ ရေစင်အောင်ဆေးပါ။ ထို့နောက်အရသာမှုန့် ဆားတို့ဖြင့်နယ်ကာ ဆီပူပူတွင်(၃)မိနစ်ခန့် ဟိုဘက်ဒီဘက်လှန်ကာကြော်ပီးဆယ်ထားပါ။

~ထိုဆီထဲသို့ကရဝေးရွက်နှင့်ပဲနံ့သာစေ့ တို့ကို ထည့်မွှေပီး အနံ့မွှေးလာလျှင်ထောင်းထားသောအနှစ်များကိုည့်၍ဆီ သတ်ပါ။

~အနှစ်များမွှေး၍ကြွပ်လာလျှင်ကြက်သားများထည့်လုံးပါ။အသားများကျစ်လာလျှင်အာလူးထည့်မွှေပီးရေနွေးကိုနည်းနည်းချင်းစီထည့်၍ချက်ပေးပါ။

~ကြက်သားနှင့်အာလူးများနူးလာလျှင်ကုလားပဲအနှစ်အိုးထဲသို့ထည့်မွှေပေးပါ။

~ထို့နောက်ရေနွေးကိုမပျစ်မကျဲရောပေး ၍အရသာမြည်းကာစိတ်ကြိုက်ဖြစ်လျှင်မီးပိတ် ပေးလို့ရပါပြီ ။

~စားခါနီးလျှင်ပန်းကန်တစ်ခုထဲသို့ပလာတာများမွှထည့်ပေးပီးအပေါ်မှကြက်သားအာလူးပဲရည်ဆမ်း ဂေါ်ဖီ ကြက်သွန်နီ ငရုတ်သီးစိမ်း ပူစီနံနှင့်သံပုရာရည်ထည့်ကာရောမွှေသုံးဆောင်နိုင်ပါပြီ။




No comments:

Post a Comment

@templatesyard